ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

ဖားကန့်တွင် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရသည့်အတွက် အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စဗျစ်ခူးကျေးရွာတွင် စစ်ကောင်စီိအဖွဲ့၏ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် အမျိုးသား ၆၀ ကျော်ကို ဖမ်းဆီးကာ ရွာအပြင်ထုတ် စစ်ဆေးမေးမြန်းနေကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၃ နာရီအချိန်က စစ်ကောင်စီ စစ်သားများက အိမ်စီးကားများဖြင့် စဗျစ်ခူးကျေးရွာအနီးတဝိုက် ကင်းလှည့်ပတ်သွားနေစဥ် မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် စဗျစ်ခူး ရွာသားများနှင့်ဆက်စပ်မှုရှိသည်ပြောဆိုကာ ဖမ်းဆီးသွား‌ကြောင်း ဖြစ်စဥ်သိသူ ဒေသခံအမျိူးသားတစ်ဦးကပြောသည်။

”စစ်သားတွေက မနေ့ည ၃နာရီလောက်မှာ စဗျစ်ခူးရွာကိုဝင်ပြီး အမျိုးသားတွေကိုဝင်ဖမ်းတာဖြစ်စဥ်ကဒီလို သူတို့ယာဥ်တန်းက စဗျစ်ခူးနားလေးမှာမိုင်းဆွဲခံလိုက်ရတာ ငါးယောက်ဒဏ်ရာရတယ်လို့ပြောတယ် အဲ့တာကိုမိုင်းဆွဲတဲ့ လူငယ်သုံးယောက်က စဗျစ်ခူးရွာထဲဝင်ပြေးတာမြင်တယ်ဆိုပြီး ရွာသားတွေကို ရွာအပြင်ထုတ်ပြီး စစ်ဆေးနေတယ်”ဟုဖြစ်စဥ်သိသူဖားကန့်မြို့နေအမျိူးသားတစ်ဦးကပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် အမျိုးသား ၆၀ ကျော်ကို စဗျစ်ခူးကျေးရွာအပြင်ဘက်ရှိ ကုမ္ပဏီလုပ်ကွက်တစ်နေရာတွင် လက်နောက်ပြန်ကြိုးတုတ်ထားပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်ဟု ဆက်သိရသည်။

“ဖမ်းခေါ်သွားတဲ့ထဲမှာ ရွာလူကြီးတွေကအစပါသွားတယ်။ ဒီမနက်ရွာက အမျိုးသမီးတစ်ယောက်ကိုမေးတော့ လေး ငါးယောက်လောက်က ပြန်လွတ်လာတယ်တဲ့ အခုလွတ်လာတဲ့သူတွေက ရွာလူကြီးတွေ အာမခံပေးပြီး ပြန်လွတ်လာတာဟုတ်တယ်။ အများပိုင်တော့ဖမ်းထားခံရတုန်း”ဟုပြောသည်။

ဖမ်းဆီးခံထားရသူများသည် ဒေသခံပြည်သူတစ်ချို့နှင့် ကုမ္ပဏီလုပ်သားများ၊ ရေမဆေးသမား၊ လက်လုပ်လက်စားများပါဝင်ကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

အဆိုပါ အရပ်သားပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်များသည် အာဏာသိမ်းပြီးနောက် စဗျစ်ခူးကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များအတွင်း တပ်စွဲနေထိုင်သူများဖြစ်ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က ယခုကဲ့သို့ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...