ရဲတပ်ကြပ်တစ်ဦး CDM ပြုလုပ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံပူးပေါင်း

ရဲတပ်ကြပ်တစ်ဦး CDM ပြုလုပ်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံပူးပေါင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး CDM ထပ်မံ ပြုလုပ်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Hakha) နှင့် ပူးပေါင်းလာကြောင်း ၎င်းအဖွဲ့ကဖေဖော်ဝါရီ ၂၅ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းနှင့် အတူ G3 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆန် အနည်းငယ် ပါရှိလာကြောင်း သိရှိရသည်။

CDF - Hakha မှလည်း CDM ပြုလုပ်လာသူအား ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့်ပြီး လုံခြုံရာသို့ ပို့ဆောင်းပေးခဲ့ကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း ထန်တလန် အမှတ် ၂၆၉ တပ်ရင်းက တပ်သား ၂ဦးလည်း CDM လာရောက်ပြုလုပ်ခဲ့သေးသည်။

CDM ပြုလုပ်လာသူများအား ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့် ပေးမှုနှင့်အတူ လုံခြုံ စိတ်ချရသည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

(၂) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ လက်အောက်ခံ တပ်နှင့်ရဲ ၄၀ ဦးခန့် CDF – Hakah ထံသို့ CDM ပြုလုပ်လာပြီးဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...