ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော ရဲတပ်ဖွဲ့ဝင်များ မိုင်းခွဲ တိုက်ခိုက်ခံရ

ဆိုင်ကယ်ဖြင့် ကင်းလှည့်လာသော ရဲတပ်ဖွဲ့ဝင်များ မိုင်းခွဲ တိုက်ခိုက်ခံရ

ဟင်္သာတ မြို့နယ်အတွင်း ဆိုင်ကယ်နှင့် ကင်းလှည့်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံ ရပြီး ရဲနှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိသွားသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဆိုင်ကယ်ဖြင့် ကင်းလှည့်နေစဉ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်‌သည်ဟု ဟင်္သာတမြို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

အလယ်စု ရွာသားတစ်ဦးက “နိဗ္ဗာန်နဲ့ ရွာနဲ့ကြားမှာဖြစ်တာ။ ဗုံးပေါက်တဲ့အသံလို့ ထင်တာပဲ။ အကျယ်ကြီး လည်း မဟုတ်ဘူး။‌‌ မြေကြီးတွေ ဘာတွေလည်း တုန်သွားတာမရှိဘူး။ ကြားတာ‌တော့ ကြားလိုက်တယ်။ ရွာနဲ့က လည်း နည်းနည်းလှမ်း‌သေး တာကိုး။ ကား ၄ စီးလောက် ချက်ချင်းပဲရောက်လာပြီး ဟင်္သာတဖက်ကို အပြင်း မောင်းသွားတာတွေ့ရတယ်” ဟု ပြောသည်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်တွင် သတ်မှတ်နေရာ အရောက်၌ လုပ်ဆောင်ခဲ့ခြင်း ဖြစ်‌သည်ဟု ဟင်္သာတမြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက‌ ပြောသည်။

ရဲနှစ်ဦးတွင်ရရှိသည့် ဒဏ်ရာမှာ ပြင်းထန်သဖြင့် ဟင်္သာတ ပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်လိုက်‌ရပြီး ဆိုင် ကယ်တစ်စီးလည်း လုံးဝပျက်စီးသွား‌ကြောင်းနှင့် ကျန် ရဲ ၃ ဦးမှာ အနည်းငယ်စီ ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိ‌သွားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့ရဲ့လှုပ်ရှားမှုကို သေသေချာချာ လေ့လာစောင့်ကြည့်ပြီးမှ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာ။ သူတို့ရဲ့ ထိ ခိုက်မှု အခြေအနေကိုတော့ အတည်ပြုဖို့ လုပ်ဆောင်နေဆဲပါ။ ကျနော်တို့ကတော့ အောင်မြင်စွာ ဆုတ်ခွာခဲ့ပြီး လုံခြုံတဲ့ နေရာကို ရောက်နေပါပြီ” ဟု ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဟင်္သတမြို့နှင့် နိဗ္ဗာန်ကို ဆက်သွယ်သည့် ကားလမ်းတစ်‌လျှောက် ခရီးသွား ပြည်သူများ၊ ဆိုင်ကယ်များကို စစ်ဆေးမှုများ လုပ်ဆောင်နေ‌ပြီး နတ်မှော်ရှိ စစ်တပ်ဂိတ်တွင် လမ်းပိတ်ကာ စစ်ဆေးမှုများ တင်တင်းကြပ်ကြပ်လုပ်ခဲ့သည်ဟု ဒေသခံအချို့က‌ ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညကလည်း ဟင်္သာတမြို့နယ်၊ ကွင်းကောက်မြို့ တောင်ဘက်ကမ်း အုပ်ချုပ်ရေးမှူးရုံးအား နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စွန်ရဲနီ နွေဦးတော်လှန်ရေးတပ်ဖွဲ့၊ အောင်ဆန်း တပ် ရင်းတို့က ဗုံးခွဲ တိုက်ခိုက်ခဲ့ကြသည်။

Most read this week

December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...
December 8, 2025
ကရင်နီပြည် ထိန်းချုပ်နယ်မြေ ကေးလျားမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်...