တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကန်ချနပူရီတွင် အဖမ်းခံရ

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ ကန်ချနပူရီတွင် အဖမ်းခံရ
Photo ; Thai News
Photo ; Thai News

ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင် စိုင်ယို့မြို့နယ်ထဲတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၃၀ သည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်း ထိုင်းသတင်းမီဒီယာများဖြစ်သည့် ကန်ချနပူရီအခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။

အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၈ ဦးတို့ကို လမ်းပြခေါ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့်အတူ ကန် ကျနဘူရီခရိုင် စိုင်ယို့မြို့နယ် စိုင်ယို့ကျေးရွာ အုပ်စု အမှတ် (၂) ထာ့ထုနာရွာအနီးတွင် မနက် ၇ နာရီခန့် အချိန်တွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံထဲတွင် နိုင်ငံကူးလက်မှတ်ရရန်ခက်ခဲနေချိန်ဖြစ်သလို ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းနည်းနေကြသည့်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ယခုကဲ့သို့ တရားမဝင်နည်းလမ်းများမှတစ် ဆင့် ဝင်ရောက်လာခြင်းမှ အဖမ်းခံရသည်အထိဖြစ်ရကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေး နေသူ ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။

‘’ MOU စနစ်နဲ့ဆိုရင် သူတို့အတွက် အရမ်းကိုခက်ခဲတယ်လေ၊ ပြည်ပထွက်ဖို့အတွက် ပတ်စပို့စာအုပ် လုပ်ဖို့တောင်မှ ခက်ခဲနေတဲ့အချိန်လေ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုမှမဖြစ်နိုင်တဲ့အဆုံး အခုလိုရရာလမ်းကြောင်းကနေ လာကြရတဲ့အတွက်ကြောင့် ဒီလိုအဖမ်းခံရတာတွေဖြစ်တာပေါ့ ’’

၎င်းမြန်မာအလုပ်သမားများသည် မွန်ပြည်နယ်နှင့် နယ်ချင်းစပ်နေသည့်တောလမ်းထဲမှ ဝင်ရောက်လာ ခြင်းဖြစ်နိုင်ကြောင်း၊ ကားတစ်စီးတည်းပေါ်တွင် လူ ၃၀ ကို ပြည့်ကျပ်စွာဖြင့် တင်ဆောင်လာကြခြင်း ဖြစ်ကြောင်းလည်း ကန်ချနပူရီအခြေစိုက် သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းအလုပ်သမားများသည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး နှင့် ရခိုင်ပြည်နယ် စသည့်ဒေသများမှဖြစ်ကြပြီး ထိုင်းနိုင်ငံ ဘန်ကောက်၊ ကန်ကျနဘူရီ၊ စမွတ်ဆာခေါင်နှင့် ရနောင်းမြို့တို့တွင် သွားရောက်အလုပ်လုပ် ကိုင်ကြမည့်သူများဖြစ်ကြောင်း၊ တစ်ဦးလျှင် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေး ခဲ့ရကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရသိရသည်။

ယခုနှစ်ဆန်းပိုင်းကာလအတွင်း ထိုင်းနိုင်ငံထဲတွင် တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား အဖမ်းခံရသူ တစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်းလည်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသူများ၏ ပြုစုထားသော စာရင်းများအရ သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...