CDM ကျောင်းဆရာမ ၁၇ ဦး ဖမ်းဆီးခံရ

CDM ကျောင်းဆရာမ ၁၇ ဦး ဖမ်းဆီးခံရ

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားသူ ကျောင်းဆရာမ ၁၇ ဦးနှင့် အုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အရပ်သားအချို့ တနင်္သာရီတိုင်း ပုလောတွင် ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ည ၁၀နာရီခန့်မှစပြီး စစ်ကောင်စီတပ်က အင်အားသုံးကာ ပုလောမြို့ရှိ ရပ်ကွက် ၄ ခုအတွင်းက နေအိမ်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

“ဒီမနက်မိုးလင်းမှာ ကြားရတာကတော့ PDF တပ်ဖွဲ့တွေကို ထောက်ပို့လုပ်နေတာနဲ့ သတင်းပေး ပြုလုပ်နေလို့ ဆို ပြီး စွပ်စွဲပြီးဖမ်းတာလို့ သတင်းထွက်နေတာကြားရတယ်။ အဖမ်းခံရတဲ့အထဲမှာ အထက်တန်းပြ ဆရာမ တွေ များတယ်” ဟု အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ပုလောမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ အထက်တန်းပြ၊ အလယ်တန်းပြCDM ပြု လုပ်ထားသည့် ဆရာမ ၁၇ ဦးတို့ ဖြစ်ကြပြီး အမှတ် ၁ ရပ်ကွက်၊ ၂ ရပ်ကွက်၊ ၃ ရပ်ကွက်နှင့် ၄ ရပ်ကွက်တို့တွင် နေထိုင်ကြသူများ ဖြစ်သည်ဟု အမှတ် ၂ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အမှတ် ၂ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချူပ်ရေးမှူး ဦးဖိုးသံချောင်း အသက် ၄၀ နှစ်၊ ကွမ်းယာ ရောင်းချသူ အမျိုးသားတစ်ဦး၊ နောက်ထပ် အရပ်သားတစ်ဦးနှင့် CDM ဆရာမကို မတွေ့ရှိသဖြင့် ဖခင်ဖြစ်သူ တစ်ဦး၊ စုစုပေါင်း ၄ ဦးကိုလည်း စစ်တပ်က ထပ်မံဖမ်းဆီးသွားသည်ဟု ပြောသည်။

တနင်္သာရီတိုင်းအတွင်း ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ် အုပ်ချုပ်ရေး ကြေညာထားပြီးနောက် ပထမဆုံးအကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၂ ရက် ကွက် ဒေသခံက ဆက်ပြောသည်။ စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာပြီးနောက် ပုလောမြို့ အခြေစိုက် ခလရ ၂၈၅ တပ်ရင်းနှင့် ပုလော ရဲ စခန်းတို့တွင် လက်နက်ခဲယမ်းများနှင့် တပ်သားအင်အား ဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံ များက ပြောသည်။

စစ်ကောင်စီမှ ယခုကဲ့သို့ CDM ကျောင်းဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှင့် ဆက်နွယ်နေသူများကို ဖမ်းဆီးမှုများ ဆက်လက် လုပ်ဆောင်နိုင်သဖြင့် ဘေးလွတ်ရာသို့ အမြန်ဆုံး ရှောင် တိမ်းကြရန် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

အလားတူ အကူအညီလိုအပ်နေသူများကိုလည်း ကြိုဆိုကာ ကူညီပေးသွားမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...