နောင်ချိုမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန်ကြိုးစား

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်ဖွဲ့ အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန်ကြိုးစား

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စု လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲနေထိုင်နေချိန် ကျေးရွာတွင်းရှိ အမျိုးသမီးများကိုလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြိုးပမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) ရက်ထိ စစ်ကောင်စီတပ်ဖွဲ့သည် လုံခင်းကျေးရွာတွင်း တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် ပစ္စည်းများ၊ တိရိစ္ဆာန်များကိုလည်း ယူသုံးပြီး မပေးပါက သတ်ဖြတ်ပစ်မည်ဟုလည်း ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုအပြင် အိမ်တွင်း အမျိုးသမီးတစ်ဦးထဲနေထိုင်ပါက “အမျိုးသားရှိလား” ဟု လာရောက်မေးမြန်းပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

“ မနေ့က အစ်မတစ်ယောက်က အိမ်မှာ တစ်ယောက်ထဲပဲနေတာ။ သူ့ယောင်္ကျား အလုပ်သွားလုပ်နေတဲ့ချိန်ကို နင့်ယောင်္ကျားရှိလားဆိုပြီး ခဏခဏ လာမေးတယ်တဲ့။ ပြီးတော့ လိင်ပိုင်းအကြမ်းဖက်ဖို့လည်း ကြိုးစားနေတယ်။ ကျနော်တို့ရဲ့ ကြက်၊ ဝက်တွေကိုလည်း သတ်စားတယ်။ ဆန်တွေတောင်းတယ်။ မပေးရင်လည်း မင်းတို့ကို သတ်လို့ရတယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်” ဟု နောင်ချိုမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ထို စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၂၀၀ ကျော်လောက်ရှိပြီး လုံခင်းကျေးရွာအတွင်း ဖေဖော်ဝါရီ ၂၁ ရက်က ရောက်ရှိလာခဲ့ပြီး ၎င်းတို့သည် ကျောက်မဲမြို့ TNLA နှင့် တိုက်ပွဲအပြီး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကျေးရွာတွင်းသို့ ရောက်ရှိလာခဲ့သော်လည်း ပြည်သူများ၏ အသုံးဆောင်များကို မေးမြန်းခြင်းမရှိပဲ လိုရာအတိုင်း သုံးစွဲသွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းတွင် ဒိုးပင်ကျေးရွာဘက်သို့ ထွက်သွားခဲ့ကြောင်းသည်။

ထိုသို့ ဒိုးပင်ကျေးရွာသို့ သွားရာတွင် ပြည်သူပိုင်ကားများဖြင့် ချောဆွဲပြီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ကား ၃ စီး နဲ့ ချောဆွဲခေါ်သွားတယ်။ ၁၂ ဘီးကား ၂ စီး နဲ့ ၄ လုံး ထိုးတစ်စီး နဲ့ သွားပို့ပေးရတာ။ ကြည့်ရတာတော့ သူတို့ ဒိုးပင်ကျေးရွာဘက်သွားမယ်ထင်တယ်။ ဒီနေ့တော့ လုံခင်းကျေးရွာဘက်ကနေ ထွက်သွားပြီ” ဟု ဒေသခံက ပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်တွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ပြည်သူတွေ လုံခြုံမှုမရှိသည့်အပြင် စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။

“ အလုပ်သွားလုပ်လည်း အိမ်ကို စိတ်မချရဘူး။ စစ်တပ်က ဘယ်တော့ ဝင်လာမလဲမသိရဘူးလေ။ ပြီးတော့ ခြံသွားရင်လည်း သတိထားသွားရတယ်။ မြေမြှုပ်မိုင်းတွေကို နင်းမိမှာ ကြောက်ရတယ်။ သူတို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဆိုရင် ပြည်သူတွေကတော့ သိပ်မသွားဘူး။ မြေမြှုပ်မိုင်းတွေရှိမှာဆိုးလို့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခင်းကျေးရွာအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးသွားခဲ့သည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...