ရန်ကုန်တိုင်း လှည်းကူးက နေအိမ်တစ်လုံးတွင် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၅ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း လှည်းကူးက နေအိမ်တစ်လုံးတွင် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ၅ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်းရှိ နေအိမ် တစ်လုံးတွင် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သတင်းရရှိသည်။

၎င်းဖြစ်စဉ် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ည ၈ နာရီ လောက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူများသည် ငါးခြောက်၊ ပုဇွန်ခြောက် ရောင်းဝယ်ရေးလုပ်ကိုင်သူများဖြစ်ပြီး ၎င်းတို့မှာ ဦးအောင်မောင်း၊ ဒေါ်စန်းနွဲ့၊ ကိုမောင်မောင်၊ မဝင်းနွယ်နှင့် ကလေးငယ် တစ်ဦး တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဖွားတစ်ယောက်က ၈၀ ကျော်လောက်ရှိမယ်။ အိမ်ထဲရှိတဲ့သူ အကုန်ကိုပစ်သတ်သွားတာ။ ဘယ်ကောင်တွေက ဒီလောက် မိုက်ရိုင်းသလဲမသိဘူးဗျာ။ အပစ်မဲ့ ကလေးအတွက်တော်တော်လေး စိတ်မကောင်းဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သေဆုံးရုပ်အလောင်း များကို ညတွင်း သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ပွားတဲ့ နေရာကို စစ်ကောင်စီက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ၌ ကျည်ခွံ့ ၅ ခု တွေ့ရှိခဲ့ကြောင်းနှင့် ကျူးလွန်သူများအား ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပိတ်စို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အကြောင်းအရာမရှိ မိသားစု (၈)ဦး သတ်ခံရမှုသည် တနသာင်္ရီတိုင်းအတွင်းက ကျောက်လုံးကြီး ကျေးရွာအုပ်စု အလယ်ကုန်းရွာ၌လည်း ယခုလအတွင်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...