ဖားကန့်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၃၀ ကို ပြန်မလွတ်ဘဲ ငွေကြေးဖြင့် ရွေးယူခိုင်းနေ

ဖားကန့်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၃၀ ကို ပြန်မလွတ်ဘဲ ငွေကြေးဖြင့် ရွေးယူခိုင်းနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် ပြီးခဲ့သည့်အပတ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်ကို ကုမ္ပဏီဝင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီစစ်သား အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၄ နာရီအချိန်က မှော်စီဆာကျေးရွာ အောင်သာယာရပ်ကွက် ၁ မှ ဝင်ရောက်လာပြီး ကုမ္ပဏီလုပ်သားများ၊ ရေမဆေးသမားများနှင့် အမျိုးသမီးအချို့အပါ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး ယနေ့ထိ ပြန်မလွတ်သေးဘဲ ဖမ်းဆီးထားကြောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ပြန်မလွတ်သေးဘူးဗျ။ ဒီမနက်ပဲထပ်စုံစမ်းကြည့်တာ ဖမ်းထားတုန်းပဲ နမ္မဖြစ်ကျေးရွာက မြန်မာသူရကျောက်မျက် ကုမ္ပဏီဝင်းထဲမှာ အားလုံးကို ဖမ်းထားတုန်းတဲ့။ ဘာကြောင့်ပြန်မလွတ်သေးတာလည်းတော့မသိဘူး”ဟုခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါဖမ်းထားသူများကို စစ်ကောင်စီက ငွေကြေးဖြင့် ပြန်ရွေးယူခိုင်းနေကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း KNG က စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုအရပ်သားပြည်သူ ၃၀ ကျော်ထဲတွင် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်(၁)မှ အမျိုးသမီး ၅ ဦးပါဝင်ပြီး မင်းနိုင်စိုးကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ကျင်းသား ၁၃ ဦးပါဝင်ကာ ကျန်ရှိသူများသည် ရေမဆေးသမားများသာဖြစ်ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများကို မကြာခဏရိုက်နက် ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့တွင်း မြို့ပြင်နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သွားလာသည့် အပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်ထားသည်။

April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...
April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...
April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...