ကန့်ဘလူတွင် သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၂၄၈ လုံး မီးရှို့ဖျက်ဆီးခံရ

ကန့်ဘလူတွင် သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ် ၂၄၈ လုံး မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၃ ရွာမှ နေအိမ်၂ ၄၈ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းသည် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ မြေမွန်ကျေးရွာ၊ သရော်ကိုင်းကျေးရွာနှင့် ကန့်ဘလူမြောက်ဘက်ခြမ်းရှိ ချောင်းကြားကျေးရွာတို့ကို မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ကန့်ဘလူတောင်ဘက်ခြမ်းက ၂ ရွာနဲ့မြောက်ဘက်ခြမ်းကတစ်ရွာရှို့ခံရတာပါ မြေမွန်ရွာက နေအိမ်၂၁၈လုံး၊ သရော်ကိုင်းက နေအိမ်၁လုံးရှို့ခံရတယ် ပြီးတော့လက်နက်ကြီးထိမှန်လို့ နေအိမ်တစ်လုံးပျက်ဆီးခဲ့ရပါတယ်။ မြောက်ဘက်ခြမ်းကတော့ ချောင်းကြားကျေးရွာပါ နေအိမ်၂၈လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ် မီးရှို့ခံရတဲ့ထဲမှာ စပါးကျီတွေလည်းပါသွားတယ်လို့သိရတယ် ဒါပေမဲ့ ဘယ်လောက်ဆိုတာတော့ အတည်မပြနိုင်သေးပါဘူး”ဟုပြောသည်။

ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ခုကို မီးရှို့ခဲ့သည့် စစ်ကြောင်းမှာ ခမရ ၃၆၉ မှ  အင်အား၈၀ ခန့်ပါ စစ်ကြောင်းဖြစ်ပြီး မြောက်ဘက်ခြမ်းရှိ ချောင်းကြား‌ကျေးရွာကို မီးရှို့ခဲ့သည့်စစ်ကြောင်းမှာ ပေကုန်း(တောင်)ရွာ မှ ပျူစောထီးနှင့် စစ်ကောင်စီတပ်သား အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၃ ရွာထဲမှ ချောင်းကြား‌ကျေးရွာသည် သုံးကြိမ်မြောက်မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါ သုံးကြိမ်အတွင်း နေအိမ် ၅၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် နေအိမ် ၄၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေးနေရသူ ၆ သိန်းခွဲဝန်းကျင်ရှိကြောင်း Data For Myanmar နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ စာရင်းအရ သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...