ရဲစခန်း တိုက်ခံရပြီး စစ်ကူလာသော စစ်ကား ထပ်မံ တိုက်ခိုက်ခံရ၊ ၈ ဦးသေ

ရဲစခန်း တိုက်ခံရပြီး စစ်ကူလာသော စစ်ကား ထပ်မံ တိုက်ခိုက်ခံရ၊ ၈ ဦးသေ

မကွေးတိုင်းဒေသကြီးအတွင်း တိုက်နယ် ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသည့် စစ်ကားထပ်မံ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောက်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးသွားသည်ဟု သရက်ခရိုင် PDF တပ်ရင်း ၄ ပြန်ကြားရေးကပြောသည်။

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်ထဲက ဆင်ကော် တိုက်နယ်ရဲစခန်းကို တနင်္လာနေ့ နံနက် အစောပိုင်းက ၄၀ မမ လောင်ချာဖြင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး အပါအဝင် ၃ ဦး သေဆုံးသွားသည်။

သရက်ခရိုင် PDF တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ”မိုင်းနဲ့ဆွဲတာ ကားပါ ပက်လက်လန်သွားတယ်။ မိုင်းကွဲပြီးတော့ နှစ်ဘက်ညှပ်ပစ်ကြတာဆိုတော့ အသေအပျောက်များနိုင်တယ်” ဟု ပြောသည်။

သရက်ခရိုင် PDF တပ်ရင်း ၄ နှင့် မိုးကြိုးပြောက်ကျား အဖွဲ့တို့ ပူးပေါင်းကာ ၃ ချက် ပစ်ခတ်ရာ ၂ ချက်မှာ ရဲစခန်း ထဲ တည့်တည့် ကျပြီး ဒုရဲအုပ်တဦးနှင့် ရဲတပ်ကြပ်တို့ ၃ ဦးသေဆုံးခဲ့သည် ဟု ဆိုသည်။

စစ်ကူလာသည့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၂ က အင်အား ၂၅ ဦးခန့်ပါသည့် လိုက်ထရပ်ကားကိုလည်း ပုဏ္ဍားကျေးရွာနှင့် တွင်းလည်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ အဆိုပါ နေရာတွင်လည်း ၅ ဦးခန့် ထပ်မံ သေဆုံးခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက်က မင်းတုန်းမြို့အဝင် ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက် ခဲ့ရာတွင် ပေါက်ကွဲခြင်းမရှိဟု အသက် ၃၀ အရွယ် လူငယ်တစ်ဦး က ပြောသည်။

၅ မိုင် စစ်ဆေးရေးဂိတ်သည် ပုသိမ်-မုံရွာ လမ်းမပေါ်တွင်ရှိပြီး ဆင်ကော်ရဲစခန်းသည် သရက်မြို့နယ်ထဲတွင် ပါဝင်သော်လည်း မင်းတုန်းချောင်းဘေးတွင်ရှိပြီး မင်းတုန်းမြို့နယ် အဆုံးနားတွင်ရှိသည့် ချောင်ကျသည့် စခန်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သရက်ခရိုင်ဆေးရုံကို ရဲနှင့်စစ်သားအလောင်း ၈ လောင်းခန့် ရောက်လာသည်ဟု ခရိုင်ဆေးရုံနှင့် နီးစပ်သူတစ်ဦးကပြောသည်

May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...