မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ တစ်လမ်းမောင်း (၅သုံးလုံး) လမ်းကြားတွင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်၌ စစ်ကောင်စီ လက်အောက်ခံ မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သေနတ်ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

သေနတ်ပစ်သတ်ခံရသည့် မူဆယ်ခရိုင် ရဲအုပ်တစ်ဦးသည် အသက် ၃၀ နှစ်ကျော် သိန်းဇော်ဌေး ဖြစ်ပြီး ၎င်း၏ ရည်းစားဖြစ်သူ ဆံပင်ညှပ်ဆိုင်ရှေ့သို့ ရောက်နေချိန် ဆိုင်ကယ်တစ်စီး နှင့် အမည်မသိ အမျိုးသား ၂ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ ရည်းစားရဲ့ ဆံပင်ညှပ်ဆိုင်ရှေ့မှာ ရောက်နေတဲ့ချိန်မှာ အမျိုးသား ၂ ယောက်က ဆိုင်ကယ်စီးလာပြီး သူ့ကို ပစ်သွားတာဗျ။ သေနတ်မှန်ချက် ၅ ချက်နဲ့ ဦးခေါင်း၊ မေးစေ့ ကျည်မှန်သွားတာဗျ။ သူ့ရည်းစားလည်း လည်ပင်းမှာ ကျည်စထိမှန်သွားတယ် “ ဟု မူဆယ်ဒေသခံ အမျိုးသားက ပြောသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့က လမ်းကြောင်းပိတ်ပြီး စစ်ဆေးမေးမြန်းခြင်း ပြုလုပ်နေကြောင်းလည်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်ခရိုင် ရဲအုပ်တစ်ဦး သိန်းဇော်ဌေး သည် ဒလန်နာမည်ဖြင့် ပုံနှင့်တကွ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကျော်ကြားခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သိရသည်။

“အာဏာသိမ်းကတည်းက လိုင်းပေါ်မှာ သူ့ ပုံနဲ့ ဒလန်ပေးဆိုပြီး တင်ထားတာရှိတယ်။ သူလည်း ပိုက်ဆံတွေ ဘာညာ ကောက်တယ်ဆိုတဲ့ အသံကြားတော့ အဲ့ကြောင့် သူများက လာပစ်သွားတာဖြစ်မယ်“ ဟု မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၁၄ ရက်တွင် မူဆယ်မြို့ ပန်ခမ်းတံတားအနီး ဂိတ်ဖွင့်ပြီး ကုန်တင်ကားများကို အခွန်ကောက်ခံနေသည့် စစ်ကောင်စီ ကိုဖုန်း ဆိုသူလည်း သေနတ်ဖြင့် ပစ်သတ်ခံရပြီး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...