မလေးရှားသို့ သွားသည့် မြန်မာအလုပ်သမား ၁၃ ဦး ထိုင်းနိုင်ငံထဲတွင် အဖမ်းခံရ

မလေးရှားသို့ သွားသည့် မြန်မာအလုပ်သမား ၁၃ ဦး ထိုင်းနိုင်ငံထဲတွင် အဖမ်းခံရ

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် ရွှေ့ပြောင်းမြန်မာအလုပ် သမား ၁၃ ဦးသည် ထိုင်းနိုင်ငံဘက် စုန်ခရာခရိုင် စဒေါင်မြို့တွင် အဖမ်းခံထားရကြောင်း ထိုင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

စုန်ခရာခရိုင် စဒေါင်မြို့ စမ်နက်ခမ်ကျေးရွာ အုပ်စု ၇ ဘန့်ထိုင်တွင် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဖမ်း ဆီးခြင်းခံလိုက်ရခြင်းဖြစ်ကြောင်း၊ စုန်ခရာခရိုင်သည် ထိုင်းနှင့်မလေးရှားနှစ်နိုင်ငံ နယ်စပ်ဒေသဖြစ် ကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုစောမောင်က နိရဉ္စရာ ကို ပြောသည်။

"စုန်ခရာနဲ့ မလေးက သိပ်မဝေးလောက်တော့ဘူး၊ တော်တော်ကိုနီးနေပြီ၊ မလေးရောက်ဖို့ ကားနဲ့ဆိုရင် နာရီပိုင်းလောက်ပဲလိုတော့တာ၊ အဲဒီဒေသက ထိုင်းနဲ့မလေးရှား နယ်စပ်ဒေသပါပဲ၊ သူတို့ မလေး ရှားထဲရောက်ခါနီးမှ အဖမ်းခံလိုက်ရတာပါ’’

၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခမ်ကနေ ပစ်ကပ် ကား ၂ စီး ဖြင့် လူ ၃၀ လာကြခြင်းဖြစ်ကြောင်း၊ ဟတ်ယိုင်တွင် တစ်ညတည်းခဲ့ပြီး ထိုမှတဆင့် စုန် ခရာခရိုင်အရောက်တွင် မလေးရှားနိုင်ငံဖက်ခြမ်းသို့ဝင်ရောက်ရန် စောင့်ဆိုင်းနေစဉ်တွင် အလုပ်သမား ၁၃ ဦး အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့က တစ်ဦးလျှင်ပွဲစားခ ဘတ် ၄၀၀၀၀ အထိ ပေးခဲ့ရ ကြောင်း သိရသည်ဟု ၎င်းက ပြောသည်။

၎င်းတို့သည် မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီတိုင်း မောတောင်မှ ထိုင်းနိုင်ငံဖက်အခြမ်း ပရာကျွတ်ခီရီခမ် ထဲကနေ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာတာဖြစ်ကြောင်းလည်း သိရသည်။

ယခု ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးမှုမှာ  ခပ်စိတ် စိတ်ရှိနေပြီဟုလည်း ကိုစောမောင်က ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...