KNU နယ်မြေမှာ စစ်ရှောင်ကျေးရွာ ၂ ရွာ တောမီးလောင်မှုကြောင့် နေအိမ် ၁၆၀ နီးပါး မီးလောင်ပျက်စီးခဲ့

KNU နယ်မြေမှာ စစ်ရှောင်ကျေးရွာ ၂ ရွာ တောမီးလောင်မှုကြောင့် နေအိမ် ၁၆၀ နီးပါး မီးလောင်ပျက်စီးခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ(၃) လယ်ဒိုမြို့ နယ်အတွင်းက ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ စစ်ရှောင်ကျေးရွာ ၂ ရွာမှာ တောမီးကူးစက် လောင်ကျွမ်းခဲ့တာ ကြောင့် လူနေအိမ် ၁၆၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ(၁၂)ရက်နေ့က ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကြောင်ပြာကျေးရွာမှာ တောမီး လောင် ရာကနေ တစ်ဆင့် ကျေးရွာအတွင်းသို့ မီးစွဲသွားပြီး အိမ်ခြေ (၂၂၀)ကျော် ရှိတဲ့အနက် အိမ်ခြေ (၁၅၀) ဝန်းကျင် မီးလောင်ပြာကျသွားခဲ့တာပါ။

ဒါအပြင် ဖေဖော်ဝါရီ(၁၀) ရက်နေ့ကလည်း တောမီးလောင်ရာကနေတဆင့် ကော့ပျင်းကျေးရွာအတွင်းသို့ မီးကူးသွားပြီး အိမ်ခြေ (၅၁၃) လုံးရှိတဲ့ အနက် နေအိမ် (၇)လုံး မီးလောင်ပြာကျခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ကျေးရွာ ၂ ရွာဟာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကျေးရွာပြည်သူလူထုတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက ရွာလုံးကျွတ်ထွက်ပြေးနေရပြီး လက်ရှိအချိန် နေရပ်မပြန်ရဲသေးတဲ့ ကျေးရွာတွေဖြစ်တယ်လို့ KNU က ဆိုထားပါတယ်။

အဲဒီကျေးရွာအတွင်း နေရပ်ပြန်လာသူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်မပြန်နိုင်သေးတဲ့အချိန်မှာ တောမီးကနေတဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့တာပါ။

လယ်ဒိုမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချတာ အာလီဂန်းတွေအပြင် အမြောက်တွေနဲ့လည်း ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးတာ မရှိဘူးလို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...