ULA/AA ၏ သတ္တမအကြိမ်သတင်းစာရှင်းလင်းပွဲ ဖေဖော်ဝါရီ ၂၇ ရက် ကျင်းပမည်

ULA/AA ၏ သတ္တမအကြိမ်သတင်းစာရှင်းလင်းပွဲ ဖေဖော်ဝါရီ ၂၇ ရက် ကျင်းပမည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)၏ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်မည်ဟု ULA/AA က ယနေ့ ထုတ်ပြန်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို ယင်းနေ့နံနက် ၁ဝ နာရီတွင် ULA/AA ၏ ယခင်ကပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများနည်းတူ ရက္ခိုင်ဘာသာစကားဖြင့်သာ ပြောဆိုရှင်းလင်းသွားမည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

သတင်းစာရှင်းလင်းပွဲသို့တက်ရောက်လိုသည့်သတင်းထောက်များအနေဖြင့် (https://forms.gle/9FkNHENUvZ9R1sMp9) လင့်ခ်တွင် ဦးစွာ ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကိုသာ သတင်းယူခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

သတင်းသမားတစ်ဦးစီကို ကြိုတင်မေးခွန်း (၂)ခုခန့်သာ မေးမြန်းခွင့်ပြုမည်ဖြစ်ပြီး မေးမြန်းလိုသော မေးခွန်းများကို ဖေဖော်ဝါရီလ ၂ဝ ရက်၊ တနင်္လာနေ့၊ နံနက် ၉ နာရီနောက်ဆုံးထား၍ [email protected] သို့ ပေးပို့ရမည်ဟု ထုတ်ပြန်ထားသည်။

ULA/AA ၏သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့်မတ်လ ၅ ရက်မှစတင်ကာ ပထအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် သတ္တမအကြိမ်မြောက်ဖြစ်သည်။

ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲများတွင် ULA/AA ကကိုင်တွယ်ဖြေရှင်းနေရသည့် စစ်ရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများနှင့်ပတ်သက်ပြီး သတင်းထောက်များ သိလိုသည်များကို ULA/AA ၏ပြောခွင့်ရသူ ဦးခိုင်သုခက တာဝန်ယူဖြေကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် ပဉ္စမအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်လည်း ကိုယ်တိုင် ဝင်ရောက်ဖြေဆိုခဲ့သည်။

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...