သီပေါမြို့နယ် စံဖိတ်ကျေးရွာဘုန်းကြီးကျောင်းမီးလောင် ကိုရင်တစ်ပါး ပျံလွန်တော်မူ

သီပေါမြို့နယ် စံဖိတ်ကျေးရွာဘုန်းကြီးကျောင်းမီးလောင် ကိုရင်တစ်ပါး ပျံလွန်တော်မူ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် စံဖိတ်ကျေးရွာ ဘုန်းကြီးကျောင်း မီးလောင်ရာမှ ကိုရင်တစ်ပါး မီးထဲပါသွားပြီး ပျံလွန်တော်မူသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် စံဖိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဘုရားမီးပူဇော်ရာမှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘုရားမီးပူဇော်ရာကနေ လောင်သွားတာ။ ဖယောင်းတိုင် မီးကနေလောင်သွားတာ။ ကိုရင်တစ်ပါးမီးထဲကနေ ကွယ်လွန်သွားခဲ့တယ်။ ထိခိုက်ဒဏ်ရာ ထပ်ရတဲ့သူတွေ မရှိဘူး။ တစ်ကျောင်းလုံး မီးလောင်သွားတာ” ဟု သီပေါမြို့ လူငယ်ပရဟိတ ကိုတူးလီက ပြောသည်။

ထိုမီးလောင်မှုကြောင့် ပျံလွန်တော်မူသွားသည့် ကိုရင်လေးသည် အသက် ၁၀ နှစ် ဝန်းကျင်ရှိပြီး နားမွန်ကျေးရွာဒေသခံ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ၆၅ သိန်းရှိကြောင်း နှင့် လက်ရှိ ကျောင်းဆောင်တစ်ခုလုံး မီးလောင်သွားခဲ့ကြောင်း သိရသည်။

“ ဆုံးရှုံးမှု အတိကျတော့ မသိရသေးဘူး။ ခန့်မှန်းခြေ အရတော့ ၆၅ သိန်းလောက်ရှိတယ်တဲ့။ ကျောင်းဆောင်တစ်ခုလုံးက မီးလောင်သွားခဲ့တာ။ အခုက ကျောင်းဆောင်ရဲ့ တိုင်ကြီးတွေပဲ ကျန်တာ။ ကျောင်းဆောင်ကလည်း ဟောင်းပြီ။ သစ်သားကျောင်းဆောင်ပဲ” ဟု ကိုတူးလီက ပြောသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် ည အချိန်တွင် သျှမ်းပြည် တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ နွေရာသီဝင်ခါစဖြစ်သည့်အတွက်ကြောင့် ယခုရက်ပိုင်း သျှမ်းပြည်တွင်း မီးလောင်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

အဆိုပါ မီးလောင်မှု မဖြစ်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် လျှပ်စစ်မီး ၊ ဖယောင်းတိုင်မီးများကို သတိဖြင့် အသုံးပြုကြပါရန် နှင့် နေအိမ်တွင် လူမရှိပါက လျှပ်စစ်မီးကို မိန်းချထားပါရန်အတွက် ပရဟိတ အဖွဲ့များက သတိပေးလိုက်သည်။

“အဓိကတော့ မီးက မလိုအပ်ပဲနဲ့ မထွန်းနဲ့ပေါ့။ အခုကလည်း နွေဦးဆိုတော့ လေတိုက်တယ်လေ။ ဖယောင်းတိုင် မီးတွေလည်း သတိထား သုံးစေချင်တယ်။ လျှပ်စစ်မီးလည်း အပြင်သွားရင် မိန်းချထားရင်ပိုကောင်းတယ်။ မီးက လာလိုက်၊ ပျက်လိုက်ဆိုတော့ ဝါယာကြိုးကနေ လောင်သွားနိုင်တယ်။ အကောင်းဆုံးတော့ အိမ်မှာ လူမရှိရင် မီးတွေ မထွန်းသွားခဲ့နဲ့” ဟု သီပေါမြို့ လူငယ်အသင်းပရဟိတ အဖွဲ့က ပြောသည်။

ယခု ဖေဖော်ဝါရီလ အတွင်း တာချီလိတ်မြို့ ၊ ကျောက်မဲမြို့ ၊ သီပေါမြို့နယ် ၊ တန့်ယန်းမြို့ ၊ တောင်ကြီးမြို့ စသည့် မြို့နယ်များသည် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...