တောင်ကြီးတွင် စစ်ကောင်စီ စီမံကိန်းအသစ် ဆောင်ရွက်နေ

တောင်ကြီးတွင် စစ်ကောင်စီ စီမံကိန်းအသစ် ဆောင်ရွက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ သစ်တောဂိတ်ရှိ အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်နားစခန်း စီမံကိန်းအသစ်ကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးဌာနမှ စတင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ယခင်က သစ်တောဂိတ်ဟု ခေါ်သော အဝေးပြေး ခရီးသည်တင် ယာဉ်ရပ်စခန်းကို ယခု ဖေဖော်ဝါရီလ အစောပိုင်းမှစပြီး စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည်နယ် အစိုးရအဖွဲ့၊ သျှမ်းပြည်နယ် စည်ပင်သာယာရေး ဌာန နှင့် Shining Myanmar Co.Ltd တို့ ပူးပေါင်းကာ စက်ယန္တရားတို့ဖြင့် မြေနေရာညှိခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း တောင်ကြီးဒေသခံ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စီမံကိန်း ကာလကို အနည်းဆုံး (၂) နှစ် အပြီးတည်ဆောက်သွားမည်ဟု ခန့်မှန်းထားကြောင်း ၎င်းကဆိုသည်။

“ ကားဂိတ်ကို သူတို့ ဖြိုဖျက်ပြီးတော့ ပြန်ပြီး အသစ်ဆောက်တာပါ။ စီမံကိန်းကတော့ ၂ နှစ်အတွင်း ဆောက်လုပ်သွားမယ်လို့ ကြားတယ်။ ဂိတ်ခန်းရှိထားသူ လူ ၉ ယောက်စာအတွက်တော့ သူတို့ ဂိတ်ခန်း နယ်မြေ ပြန်လည်ချထားရေး လုပ်ပေးမယ်။ နယ်မြေအတွက် ပိုက်ဆံထပ်မကုန်ဘူး။ ဒါပေမယ့် ဂိတ်ခန်းခတော့ ပေးရမယ် “ ဟု ၎င်းကပြောသည်။

ထိုသစ်တောဂိတ်တွင် ယခင်က ဂိတ်ခန်း၊ ဆိုင်ခန်းပေါင်း (၃၀) ကျော် တည်ရှိထားပြီး လက်ရှိမှာ နယ်မြေ၏ ဧရိယာကို ကြည့်၍ စီမံဆောင်ရွက်နေချိန် အစောပိုင်း ကာလတွင် ဂိတ်ခန်းများ စုစုပေါင်း (၄၀) ကျော်အထိ အဆင့်မြင့် ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ထို့အပြင် စီမံကိန်း ဆောက်လုပ်ပြီးမြောက်သည့် နောက်ပိုင်း မူလဆိုင်ခန်းပိုင်ရှင်များအတွက် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၃၀၀ ကျော်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ အခုသူတို့ လမ်းမကြီးဘေးမှာ ပုံနဲ့ကပ်ပြီး ပြထားတာ ဆိုင်ခန်းက နှစ်ထပ်တိုက်ပေါ့။ ဆိုင်ခန်းတစ်ခန်းကို တော့ ရာနဲ့ချီ ပေးရမယ်ထင်တယ်။ တစ်ခန်းကို (၃၀၀) ကျော်လောက်တော့ ရှိမယ်“ ဟု ၎င်းက ထပ်လောင်းပြောသည်။

သစ်တောဂိတ် အဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းတွင် ကုမ္ပဏီမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး စီးမံကိန်း ပြီးစီးချိန် စည်ပင်သာယာရေးဌာနကို အပ်နှံမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးဌာနမှ အဆင့်မြင့် ကားလေးကွင်းကို အရင်းအနှီး စိုက်ထုတ် စရာမလိုဘဲ ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ကြကြောင်း ဆိုင်ခန်းလခများကို စည်ပင်မှ ရရှိမည်ဖြစ်ကြောင်း သိရသည်။

သစ်တောဂိတ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်တွင် စတင်ဖြိုဖျက်ခဲ့ပြီး ဂိတ်များကို ကားကြီးလေးကွင်းထံ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...