Published
Monday, October 02, 2017
ရခိုင်ဘာသာအစီအစဉ် (အောက်တိုဘာလ ၀၁၊ ၂၀၁၇)
အကြမ်းဖက်သမားတွေသတ်ပြီး မြှုပ်ထားခဲ့တဲ့ ဟိန္ဒူလူမျိုးအလောင်း ၄၅ လောင်းကိုရှာဖွေတွေ့ရှိထားပြီး ဟိန္ဒူ ၁၉ဝ ကျော် ပျောက်နေပါသေးတယ်လို့ အစိုးရဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေကိုပြန်ပြင်တဲ့သူဟာ သမိုင်းတရားခံဖြစ်သွားလိမ့်မယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ်အကြာက မီးလောင်သွားတဲ့ စစ်တွေမိဇံရပ်ကွက်ကမြေတွေကို မူလမြေပိုင်ရှင်တွေ ပြန်လိုချင်နေကြပါတယ်။






