လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦး နဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

လွိုင်လင်လေးမြို့မှာ လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦး နဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

လွိုင်ကော်မြို့နယ်အတွင်းရှိ လွိုင်လင်လေးမြို့ မှာ ဒီကနေ့ (ဖေဖော်ဝါရီလ ၉ ရက်) မွန်းလွဲ ၁နာရီအချိန် လက်နက်ကြီးကျရောက်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး ဘယ်ဘက်လက်သန်းပြတ်ထွက် ဒဏ်ရာ နဲ့ ကလေးငယ်တစ်ဦး ညာဘက်နားရွက်နားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ လက်ရှိကတော့ ဒီအတိုင်း တိုက်ပွဲတော့ မဖြစ်ဘူးပေါ့။ ကျနော်တို့ သိရသလောက်ကတော့ သူတို့ပစ်တဲ့အချိန်မှာတော့ ပထမ တစ်လုံးကတော့ ရွာတော်တော်ဝေးဝေးမှာကျတာပေါ့။ ဒုတိယတစ်လုံးကျတဲ့အချိန်မှာ နီးတယ်ဆိုပြီးတော့ သူတို့က သူ့အမေနဲ့ ကျန်တဲ့မိသားစုဝင်တွေက ဗုံးခိုကျင်းထဲ ဝင်တဲ့အချိန်မှာ ကလေးက ကျင်းထဲရောက်ပြီးတော့မှ လန့်ပြီး အိမ်ပေါ်ပြန်တက်ပြေးတဲ့အချိန်မှာ နောက်တစ်လုံးကျတဲ့အချိန်နဲ့ ကွတ်တိတိုးပြီးတော့ သူတို့ကို နောက်ကနေစင်သွားတာပေါ့။ ရမ်းသမ်းထုလာတာပေါ့။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနီးအနားမှာ လက်နက်ကြီးကျသံတွေကြောင့် အိမ်ထဲပြေးပုန်းဖို့လုပ်နေတုန်း နေအိမ်ခြံဝန်းထဲ လက်နက်ကြီးတစ်လုံးကျပြီး ထိခိုက်ဒဏ်ရာရသွားတာလို့ သူက ပြောပါတယ်။ လွိုင်လင်လေးမြို့ထဲ လက်နက်ကြီး လေးလုံးကျရောက်ပြီး တစ်လုံးမှာ လူအနီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တာဖြစ်ပါတယ်။

လက်နက်ကြီးစ ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၉နှစ်အရွယ် မဘီဗျားနာနဲ့ အသက် ၁၃ နှစ်အရွယ် မောင်လမင်းမောင်မောင် တို့ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ လက်ရှိမှာ လွိုင်ကော်ဆေးရုံကြီးမှာ ကုသမှုခံယူနေပြီး အသက်အန္တာရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း လွိုင်လင်လေးမြို့ အနီးမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်ခဲ့တဲ့အတွက် မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် သိရှိရတဲ့ အချက်အလက်အရ ဇန်နဝါရီလ တစ်လအတွင်း လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Most read this week

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...