အွန်လိုင်းပေါ်တွင် လေယာဉ်လက်မှတ် အတုရောင်းချမှုရှိနေ

အွန်လိုင်းပေါ်တွင် လေယာဉ်လက်မှတ် အတုရောင်းချမှုရှိနေ

ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် ဇန်နဝါရီ (နောက်ဆုံးပတ်)တွင် ရန်ကုန်မြို့မှ လားရှိုးမြို့သို့ လေယာဉ်ဖြင့် ခရီးသွားရန်အတွက် အွန်လိုင်းပေါ် လေယာဉ်လက်မှတ် အရောင်းဌာန (Page) တစ်ခုထံ လေယာဉ်လက်မှတ် ဝယ်မိရာမှ တစ်စောင်လျှင် (၂) သိန်းကျပ်ဖြင့် ဝယ်ယူခဲ့ပြီး လေယာဉ်စီးချိန်တွင် လက်မှတ်အတုဖြစ်နေကြောင်း ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ ကျနော် အရေးတကြီးကိစ္စရှိလို့ ရန်ကုန်ကနေ လားရှိုးကို ပြန်ချင်တာ။ အွန်လိုင်းပေါ်က ကမန်းကတန်း လိုက်စုံစမ်းပြီး လေယာဉ်လက်မှတ်ဝယ်တာ။ တစ်စောင်ကို (၂) သိန်းကျော်ပေးရတယ်။ လေယာဉ်ကွင်းမှာ Check In လုပ်မှ လေယာဉ်လက်မှတ်က အတုဖြစ်မှန်းသိရတာ “ ဟု ၎င်းက ပြောသည်။

အလားတူ ခရီးသည်အမျိုးသမီးက ကလေးမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားမည်ဖြစ်ပြီး ဘွန်ဇူးမြန်မာ ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ် ခရီးစဉ်အရောင်းဌာန (Page) အတုတစ်ခုထံ လေယာဉ်လက်မှတ်အတု တစ်စောင်ကို (130,00) ကျပ်ဖြင့် ဝယ်ယူမိခဲ့ကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြ ထားသည်။

“ ဘွန်ဇူးနာမည်နဲ့ လိပ်စာကို သုံးပြီးတော့ လုပ်တာပါ။ မှတ်ပုံတင်လိုတယ် ဘာညာပြောပြီး လူကိုယုံအောင် လေယာဉ်လက်မှတ်ပုံစံ နမူနာကို ပြတယ်။ တစ်စောင်ကို (138,000) ကျပ်ဆိုပြီး ရောင်းတယ်။ မှတ်ပုံတင်ဘဲ လိုတယ်၊ မိတ္တူလည်း ရတယ်ဆိုပြီး မြန်မြန်ပို့ခိုင်းတယ်။ လေယာဉ်လက်မှတ်ကို ပို့ပေးမယ်ဆိုပြီး ပိုက်ဆံလွှဲခိုင်းပါတယ် “ ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြထားပါသည်။

ထို့အပြင် အွန်လိုင်းပေါ်မှ လေယာဉ်လက်မှတ်အတု၊ အစစ် ခွဲခြားစစ်ဆေးမှုနှင့် ပတ်သက်ပြီး ဘွန်ဇူးမြန်မာ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်ခရီးစဉ်အရောင်းဌာနကို သျှမ်းသံတော်ဆင့်သတင်းဌာနမှ စုံစမ်းမေးမြန်းထားရာ ယခုလို ပြောပြလာပါသည်။

“ ဘွန်ဇူး အမည်တင်မဟုတ်ပါဘူး၊ Travels & Tours တိုင်းရဲ့ Page အမည်တွေနဲ့ လိမ်စားနေတာတွေရှိပါတယ်။ လိပ်စာထည့်ထားရုံနဲ့ အမှန်မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့၊ တွေ့မြင်ရတဲ့ ပိုစ့်အတုက ဖုန်းနံပါတ်၊ comment နဲ့ cb ကနေ တန်းမဝယ်ပါနဲ့ ပြီးတော့ Like/ Follower ဘယ်လောက်ရှိလဲကြည့်ပါ။ ဘယ်တုန်း ကတည်းက စလုပ်ထားတဲ့ Page လဲကြည့်ပါ။ ဘွန်ဇူးကတော့ Like (300,000) ကျော်ရှိတဲ့ Page တစ်ခုပဲ အသုံးပြုပါတယ် “ ဟု တာဝန်ခံတစ်ဦးက ပြောသည်။

ထိုသို့ ခရီးသွား ပြည်သူများ လေယာဉ်လက်မှတ် အလိမ်ခံရလျှင် ပထမဦးစွာ ပိုက်ဆံလိမ်သွားသူအား ငွေမထုတ်ခင် ငွေလွှဲခဲ့သည့် ဘဏ်၊ Pay တွေရဲ့ (Hotline) ကို (Complain) လုပ်ရန်၊ KBZ Pay ဘဏ်ကို နံပါတ်-3211နှင့် Wave Pay အကောင့် နံပါတ် – 900 တိုင်ကြားရန်နှင့် ငွေမထုတ်သေးပါက ငွေကို Hold လုပ်ပြီး ၎င်းအကောင့်ကို ပိတ်ခိုင်းရန် စသည့်ဖြင့် လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအတွင်း လေယာဥ်ဖြင့် ခရီးသွားလာသူ အများစုသည် ယခုရက်ပိုင်း အွန်လိုင်းမှ လေယာဥ်လက်မှတ်ဝယ်ယူရာမှ ခရီးသွားစဥ်တွင် လက်မှတ် အတုဖြစ်နေကြောင်း သတင်းရရှိသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...