ဒေသခံ ထောင်ပေါင်းများစွာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ပေါ် ကန့်ကွက်

ဒေသခံ ထောင်ပေါင်းများစွာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ပေါ် ကန့်ကွက်
by -
ကေအဲန်ဂျီ
ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန်ကိစ္စ ဒေသခံများ စက်တင်ဘာ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဧက ၉ သိန်းကျော်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို UNESCO က ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရေး ကို ဒေသခံပူတာအို၊ မချမ်းဘော၊ နောင်မွန်းနှင့် ပန်နမ်းဒင် မြို့များတွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများ ကြွေးကြော်သံမှာ ‘ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန်အလိုမရှိ၊ WCS, NGO အဖွဲ့ အလိုမရှိ၊ လူထုဆန္ဒသဘောထား အောင်ရမည်၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တဲ့ခိုင်မြဲရေး’ တို့ ဖြစ်ပါတယ်။ ပူတာအို ခရိုင်ဒေသခံများ အဆိုပါ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထိန်းသိမ်းရေးကိစ္စကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီး မချမ်းဘောမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇော်ရော် က ယခုလို ပြောသည်။ “ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်တောင်ပိုင်း တိုးချဲ့ရေးကို ကျနော်တို့ ဘာလို့ ကန့်ကွက်လဲဆိုတော့ ကျနော်တို့က တောတောင်ကိုပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်နေတာဖြစ်တယ်။ သူတို့က ကျနော်တို့ ဒေသကို အဲလို သတ်မှတ်ယူလိုက်မယ်ဆိုရင် ကျနော်တို့ မြေနေရာနဲ့ လုပ်ကိုင်စားသောက်မယ့် အရာ ပျောက်သွားမယ်။” ဒေသခံ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ ရှမ်း မျိုးနွယ်စုတို့ ပါဝင်ပြီး ပူတာအိုမြို့တွင် ၉၇၀၀၊ မချမ်းဘောမြို့ တွင် ၁၈၀၀ နှင့် နောင်မွန်းမြို့တွင် ၁၂၀၀ အသီးသီး ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။ ၁၉၉၈ မှ အဆိုပါ နယ်မြေကို အစိုးရအမျိုးသားဥယျာဉ်အဖြစ် အကောင်ထည်ဖော်ခဲ့ကြောင်း သိရသည်။ စီမံကိန်း အကောင်ထည်ဖော်စဉ် ဒေသခံများ၏ သဘောတူညီမှုယူရန် ကတိပေးချက်များကို အစိုးရက အပြည့်အဝ မလုပ်ပေးခဲ့ဘူးလို့ ဒေသခံများက ပြောနေ ကြပါတယ်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ရည်ရွယ်နေတယ်လို့ အစိုးရက ဇူလိုင် ၂၈ မှာ သဘောထား ထုတ်ပြန်အပြီး၊ ကချင်ပါတီ ပူးပေါင်းအဖွဲ့ KPCC၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံခိုင်ရေးပါတီ တို့မှလည်း အဆိုပါ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ကြသည်။
January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...