ဒေသခံ ထောင်ပေါင်းများစွာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ပေါ် ကန့်ကွက်

ဒေသခံ ထောင်ပေါင်းများစွာ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ပေါ် ကန့်ကွက်
by -
ကေအဲန်ဂျီ
ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ် တောင်ပိုင်းတိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရန်ကိစ္စ ဒေသခံများ စက်တင်ဘာ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဧက ၉ သိန်းကျော်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို UNESCO က ကမ္ဘာ့အမွေအနှစ်သတ်မှတ်ရေး ကို ဒေသခံပူတာအို၊ မချမ်းဘော၊ နောင်မွန်းနှင့် ပန်နမ်းဒင် မြို့များတွင် ကန့်ကွက်ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများ ကြွေးကြော်သံမှာ ‘ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်အား တောင်ပိုင်းသို့ တိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန်အလိုမရှိ၊ WCS, NGO အဖွဲ့ အလိုမရှိ၊ လူထုဆန္ဒသဘောထား အောင်ရမည်၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တဲ့ခိုင်မြဲရေး’ တို့ ဖြစ်ပါတယ်။ ပူတာအို ခရိုင်ဒေသခံများ အဆိုပါ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ထိန်းသိမ်းရေးကိစ္စကန့်ကွက်ရခြင်းနှင့် ပတ်သက်ပြီး မချမ်းဘောမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဇော်ရော် က ယခုလို ပြောသည်။ “ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်တောင်ပိုင်း တိုးချဲ့ရေးကို ကျနော်တို့ ဘာလို့ ကန့်ကွက်လဲဆိုတော့ ကျနော်တို့က တောတောင်ကိုပဲ အမှီပြုပြီး လုပ်ကိုင်စားသောက်နေတာဖြစ်တယ်။ သူတို့က ကျနော်တို့ ဒေသကို အဲလို သတ်မှတ်ယူလိုက်မယ်ဆိုရင် ကျနော်တို့ မြေနေရာနဲ့ လုပ်ကိုင်စားသောက်မယ့် အရာ ပျောက်သွားမယ်။” ဒေသခံ ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊ ရှမ်း မျိုးနွယ်စုတို့ ပါဝင်ပြီး ပူတာအိုမြို့တွင် ၉၇၀၀၊ မချမ်းဘောမြို့ တွင် ၁၈၀၀ နှင့် နောင်မွန်းမြို့တွင် ၁၂၀၀ အသီးသီး ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။ ၁၉၉၈ မှ အဆိုပါ နယ်မြေကို အစိုးရအမျိုးသားဥယျာဉ်အဖြစ် အကောင်ထည်ဖော်ခဲ့ကြောင်း သိရသည်။ စီမံကိန်း အကောင်ထည်ဖော်စဉ် ဒေသခံများ၏ သဘောတူညီမှုယူရန် ကတိပေးချက်များကို အစိုးရက အပြည့်အဝ မလုပ်ပေးခဲ့ဘူးလို့ ဒေသခံများက ပြောနေ ကြပါတယ်။ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ရည်ရွယ်နေတယ်လို့ အစိုးရက ဇူလိုင် ၂၈ မှာ သဘောထား ထုတ်ပြန်အပြီး၊ ကချင်ပါတီ ပူးပေါင်းအဖွဲ့ KPCC၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကြံခိုင်ရေးပါတီ တို့မှလည်း အဆိုပါ ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ကြသည်။
April 3, 2026
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး...
April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...
March 28, 2026
ကချင်ပြည်နယ်၊ ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ထဲမှာ ဆယ်စုနှစ်တစ်ခုအကြာအထိ...