စစ်ကူယာဉ်တန်း မိုင်းဆွဲ တိုက်ခံရ၊ စစ်သား ၈ ဦးသေ

စစ်ကူယာဉ်တန်း မိုင်းဆွဲ တိုက်ခံရ၊ စစ်သား ၈ ဦးသေ

ပျူစောထီး ဒု-ခေါင်းဆောင်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးသွားသည်ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဗျူစောထီး ဒုခေါင်းဆောင်ကို ပစ်ခတ်ပြီးနောက် ထို့နောက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် ခမောက်ကြီးမြို့ဘက်မှ မာရမ်းကျေးရွာဘက်သို့ ရှမ်းကိုးကျေးရွာ ရွာချင်းဆက် လမ်းအတိုင်း စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့်ပါ စစ်ကားကြီး ၂ စီးကို အောင်ချမ်းသာနှင့် ဆိပ်ဖူးကျေးရွာအကြားရှိ ပလက်ခွ တံတားအနီး PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာများရရှိသွားခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ လဆန်းက ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သူ ပျူစောထီး ဒု-ခေါင်းဆောင်ဆိုသူကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေအိမ်တွင် သွားရောက် ပစ်ခတ်ခဲ့ ရာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ကော့သောင်း PDFတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

PDF အဖွဲ့ တာဝန်ရှိသူက “သူ့ကိုအရှင်ဖမ်းပြီး စစ်ဆေးဖို့ခေါ်သွားမလို့ပါပဲ၊ အဖွဲ့က အိမ်ပေါ် ရောက်တာနဲ့ အဖမ်းမခံဘဲ ခုခံဖို့ သေနတ်ပြေး ကိုင်တာကြောင့် ပစ်လိုက်ရတာ” ဟု ပြောသည်။

ဦးဆန်းတင်ထံမှ M16 A1 မောင်းပြန် ရိုင်ဖယ်နှစ်လက်၊ ကျည်အိမ်အရှည်တစ်ခု၊ ကျည်ဆံ ၂၈ တောင့်နှင့်ဓား မြှောင်သုံးလက်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အမှတ် ၂/၂၀၂၃ ဖြင့် ကောင်းသောင်း ပကခ အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ပျူစောထီး ဒု-ခေါင်းဆောင် ပစ်ခတ်ရှင်းလင်းမှုနှင့် စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုများသည်ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပြီး ကော့သောင်းမြို့နယ်နေ ပြည်သူများနှင့် လုံးဝ သက်ဆိုင်မှုမရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် အသိပေးရေးသားထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...