အသံတိတ်သပိတ်နေ့က ကျောင်းပျက်သူ ၆၀ ရာနှုန်းရှိ

အသံတိတ်သပိတ်နေ့က ကျောင်းပျက်သူ ၆၀ ရာနှုန်းရှိ

ပုသိမ်မြို့တွင် အသံတိတ်သပိတ်နေ့က ခွင့်တိုင်ပြီး ကျောင်းတက် ပျက်ကွက်သူ ၆၀ ရာခိုင်နှုန်းနီးပါးရှိသည် ဟု ပညာရေးဌာနနှင့် နီးစပ်သူများက ပြောသည်။

တော်လှန်ရေး အင်အားစုများ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အသံတိတ် သပိတ် လှုပ်ရှားမှုလုပ်သည့် ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ခွင့်တိုင်ကာ ကျောင်းတက် ပျက်ကွက်သူ ၆၀ ရာခိုင်နှုန်း နီးပါးရှိဟု ပညာရေးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ် တက္ကသိုလ် နယ်မြေ လုံခြုံရေး ဝန်ထမ်းတစ်ဦး “ဒီနေ့က ကျောင်းပိတ်ရက် မဟုတ်ပါဘဲကို ကျောင်းသား တွေ လာတာ တော်တော် နည်းသွားတယ်။ ကျောင်းဝက အကြော်သည်တောင်အစောကြီးသိမ်းသွားတယ်” ဟု က ပြောသည်။

ပုသိမ်မြို့ပေါ် က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ သာမက ပုသိမ်တက္ကသိုလ်တွင်လည်း ဖေ ဖော်ဝါရီလ ၁ ရက်နေ့က ခွင့်တိုင်ပြီး ကျောင်းတက် ပျက်ကွက်သူများရှိနေသည်ဟု ပုသိမ်တက္ကသိုလ် ကျောင်း သားရေးရာဌာနနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်အာဏာသိမ်းမှု ၂နှစ် ပြည့် သည့်နေ့ဖြစ်ပြီး လက်နက်ဖြင့် အကြမ်းဖက် အာဏာသိမ်းသည့် လုပ်ရပ်မျိုးကို မလိုလားသဖြင့်အိမ်ပြင် မထွက် ကြဘဲ အသံတိတ်သပိတ်တွင် ပါဝင်ခဲ့သည်ဟု ပုသိမ်မြို့ခံ အများစုက ပြောသည်။

ပုသိမ် မြို့ပေါ် တွင် နံနက် မိုးလင်းချိန်မှ စပြီး နေ့လည် ၁၂ နာရီကျော်အထိ စားသုံးသူ အများအပြားရှိနေသော မန်းဆန်သူ၊ နောင်ရိုး၊ သန်းကြွယ်၊ လမင်းအိမ်၊ ကံကော်ရိပ် စသည့် လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်ကြီးများတွင် နံနက် ၁၀ နာရီ နောက်ပိုင်းအထိ လာရောက် စားသောက်လေ့ ရှိသူများပင်ထို့နေ့က မရှိခဲ့ဘူးဟု ဆိုသည်။

 

ကျောင်းသားမိဘ တစ်ဦး က “မြို့ထဲမှာ သွားကြလာကြသူတွေ ခြောက်ကပ်သွားလို့ ထင်ပါတယ်။မြို့ပေါ်က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းက ကလေးတွေကို မွန်းလွဲ ၂ နာရီခွဲမှာ ကျောင်းဆင်းပေးလိုက် တယ်” ဟု ပြောသည်။

ရပ်ကွက်တွင်းက ကုန်စုံများ၊ စတိုးဆိုင်များနှင့် ဆေးဆိုင်အချို့ပါ ပိတ်ထားပြီး ဆိုင်အချို့ကဖွင့်ထားကြသော် လည်း နံနက် ၁၀ နာရီက စတင်ပြီး ညနေ ၃ နာရီအထိ လာရောက်ဝယ်ယူသူများမရှိခဲ့ဘူးဟု ဆိုသည်။

ထို့အပြင် လူမှုကွန်ရက် စာမျက်နှာမှ အသံတိတ် သပိတ်လုပ်ရန် လှုံ့ဆော်သည့် အကောင့်ပိုင်ရှင်များကိုစစ် ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ စစ်ကောင်စီ သတင်းပေး ဒလလန်များက လိုက်လံစုံစမ်းနေသည်ဟု ရဲတပ်ဖွဲ့ နှင့် နီးစပ်သောသူများက ပြောသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...