ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အိမ်ကို မီးရှို့

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အိမ်ကို မီးရှို့
CJ (နန်စမ်းကျေးရွာက နေအိမ်အချို့ မီးရှို့ခံရသည့် ပုံ
CJ (နန်စမ်းကျေးရွာက နေအိမ်အချို့ မီးရှို့ခံရသည့် ပုံ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အရှေ့ဘက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေပိုင်းတွင် ကသာမြို့နယ် အရှေ့ဘက်ကမ်း ကျောက်ထုံးကြီးကျေးရွာရှိ ၂၀၂၀ ရွေးကေက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွာဝင်း၏ နေအိမ်မီးရှို့ဖျက်ဆီးခံ လိုက်ရခြင်း ဖြစ်သည်။

ဒေသခံ တစ်ဦးက “၁ ရက်နေ့ ညနေပိုင်း ၇ နာရီ ၁၅ မိနစ်လောက်မှာ အရှို့ခံရတာပါ။ ကသာမြို့ အရှေဘက် ကမ်းက ဒီ ကျောက်ထုံးကြီးရွာက လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာဝင်းရဲ့ အိမ်မီးရှို့ခံရတာပါ။ စစ်ကောင် စီဘက်က လာရှို့သွားတာ” ဟု ပြောသည်။

ထို့အပြင် ကျောက်ထုံးကြီးကျေးရွာ ဘုန်းကြီးကျောင်း၊ အင်းဒယန်းကျေးရွာ၊ နွယ်နီကျေးရွာတို့၌ စစ်ကောင်စီ တပ်သား ခန့်မှန်း အင်အား ၂၀၀ ခန့်က လှုပ်ရှားနေလာသည်ဟု ေဒသခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကသာမြို့နယ် အနောက်ဖက်ကမ်း ချမ်းမြသာစည်ကျေးရွာ၌ လက်နက်ကြီး ထိုင် ထားသော ခမရ ၃၀၉ အဖွဲ့မှ ပစ်လိုက်သည့် ၁၂၀ မမ ပေါက်ကွဲမှုကြောင့် ကျောက်ထုံးကြီးရွာတွင် ဒေသခံ တစ် ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဇန္နဝါရီလ ၂၈ ရက်နေ့တုန်းကလည်း ကသာအထက်ဘက်ရှိ မိုးတားလေးအနီးရှိ နန်စမ်းကျေးရွာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသေးသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့တွင်လည်း အလယ်ကျွန်းကျေးရွာက စာသင်ကျောင်းနှင့် နေအိမ် ၃၀ လုံးနီးပါးကို စစ် ကောင်စီ တပ်သားများက မီးရှို့သွားခဲ့သည့်အပြင် ဇန္နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင်လည်း မိုးတားလေး ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲခဲ့ရာ ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ရွာသား ၃၀ နီးပါးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ဗုံးကြဲပြီးနောက် မြေပြင်တွင် စစ်တပ်နှင့် KIA, ABSDF-NB, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကသာမြို့နယ် အရှေ့ဘက်ခြမ်းအပြင် အနောက်ဘက်ခြမ်းတွင်ပါ စစ်ရေးလှုပ်ရှားနေသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အနေအထားမျိုးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် ABSDF မြောက်ပိုင်း အဖွဲ့က တိုက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ထဲတွင် ပြည်သူများအနေဖြင့် အစစအရာရာ အန္တရာယ်ကင်းစေရေး ဂရုစိုက်ကြရန်လည်း သတိပေးထားသည်။

ဓါတ်ပုံ - CJ (နန်စမ်းကျေးရွာက နေအိမ်အချို့ မီးရှို့ခံရသည့် ပုံ)

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...