မူဆယ်မြို့ လေယာဉ်ကွင်းဟောင်းဘက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

မူဆယ်မြို့ လေယာဉ်ကွင်းဟောင်းဘက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် လေယာဉ်ကွင်းထဲတွင် (ဖေဖော်ဝါရီ ၁) ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လက်ရှိ လေယာဉ်ကွင်းထဲတွင် ဗုံးထပ်မံပေါက်ကွဲနိုင်သည့်အတွက်ကြောင့် ပြည်သူများ အသွားလာကို ကန့်သတ်ထားကြောင်း သိရသည်။

” ဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ လေယာဉ်ကွင်းထဲ ဗုံးပေါက်ကွဲသွားတာ။ လေယာဉ်ကွင်းဟောင်းထဲမှာ ပေါက်ကွဲသွားတာ။ အခုလည်း ထပ်ပြီးပေါက်ကွဲနိုင်တဲ့ အခြေနေရှိတယ်တဲ့။ အသွားလာကို ကန့်သတ်ထားတယ်” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မည့်သည်တပ်ဖွဲ့မှ လက်ရောက်လုပ်ဆောင်ထားခြင်းကို မသိရှိရသေးပေ။

အလားတူ ယနေ့ (ဖေဖော်ဝါရီ ၁) ရက်‌သည် စစ်တပ်က အာဏာသိမ်း ၂ နှစ်ပြည့်သည့်အတွက်ကြောင့် မူဆယ်မြို့နယ်ထဲတွင် အသံတိတ်သပိတ်ကို ပါဝင်ဆင်နွှဲမှုများလည်းရှိကြောင်း သိရသည်။

” ဘယ်အဖွဲ့လာထောင်သွားတာလဲတော့ မသိဘူး။ ဒါမဲ့ ဒီနေ့တော့ မူဆယ်မှာ အသံတိတ်သပိတ် လုပ်ကြတာ ရှိတယ်။ ဈေးတွေလည်း ပိတ်ထားတယ်။ တစ်ချို့ကတော့ ပုံမှန်သွားလာနေတာတော့ရှိတာပေါ့” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မူဆယ်မြို့တွင်းသွားလာသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးမှုတင်းကြပ်နေကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁)ရက်စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်သည့်အတွက် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်ချို့မြို့နယ်များတွင် အသံတိတ်သပိတ်ဖြင့် ဆန့်ကျင်ဆန္ဒပြလျက်ရှိသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...