ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ဖွဲ့စည်း

ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ဖွဲ့စည်း
ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) အစည်းအဝေး(Facebook)
ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) အစည်းအဝေး(Facebook)
ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးအပ်ရန်အတွက်ရည်ရွယ်၍ ပြီးခဲ့သည့် အငြိမ်းစားတရားသူကြီးများနှင့် ဥပဒေဘွဲ့ရလူငယ်ရှေ့နေများပူးပေါင်းပြီး ရန်ကုန်မြို့ရှိ မွန်ဓမ္မာရုံတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ရာမညမွန်ရှေ့နေများကွန်ယက် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်းခဲ့သည်ဟု သိရသည်။ မွန်တိုင်းရင်းသားအများစုတွင် ဥပဒေနားမလည်ခြင်း၊ အမှုရင်ဆိုင်ကြရာတွင် ငွေကြေးအကုန်အကျများခြင်း၊ နစ်နာမှုများစွာကြံုတွေ့နေရသည့်အတွက် ရာမညမွန်ရှေ့နေများကွန်ယက်အနေဖြင့် တတ်နိုင်သလောက်ကူညီသွားမည်ဖြစ်ကြောင်း ကွန်ယက်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး မိမြင့်မြင့်ဝေက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ “ဥပဒေနဲ့ပတ်သက်ပြီး ကျွန်မတို့မွန်လူမျိုးတွေက ဂဃနဏ သိထားတာမရှိဘူး တကယ်လို့အမှုတစ်ခုခုဖြစ်လာ ပြီဆိုရင် ကျွန်မတို့အနေနဲ့ဘယ်လိုမျိုးကူညီနိုင်မလဲပေါ့နော်၊ အဓိကတော့ အမှုတစ်ခုခုနဲ့ ပတ်သက်ပြီး သူတို့ အကူအညီတောင်းလာမယ်ဆို ကူညီပေးနိုင်ဖို့အတွက် စီစဉ်ထားတာမျိုးပေါ့” ဟု မိမြင့်မြင့်ဝေက ဆိုသည်။ ဥပဒေနှင်ပတ်သက်ပြီး ရှေ့နေဘွဲ့ရမွန်လူငယ်များ မည်မျှစိတ်ဝင်စားနေသည်ကို အရင်ဆုံးလေ့လာပြီးမှ ကွန်ယက်ဖွဲ့စည်းသင့်သည်ဟု သူမက ဆက်ပြောသည်။ ယာယီကွန်ယက်မှ ခိုင်မာသည့် ကွန်ယက်တစ်ခုဖွဲ့စည်းနိုင်ရန်အတွက် တစ်လတစ်ကြိမ် အစည်းအဝေးခေါ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကော်မတီ၏ တွဲဖက်အတွင်းရေးမှူး မင်းခိုင်လင်းထွန်းက ပြောသည်။ မင်းခိုင်လင်းထွန်းက “ ဒီကွန်ယက်ဖြစ်မြောက်ရေးကနေ ခိုင်မာတဲ့ကွန်ယက်တစ်ခုဖြစ်လာဖို့၊ ကွန်ယက်တစ်ခုဖြစ်ဖို့အတွက် စည်းမျဉ်းတွေလည်းရေးဆွဲဖို့ကျန်ရှိနေသေးတယ်”ဟု ဆိုသည်။ အဆိုပါ ရာမညမွန်ရှေ့နေများကွန်ယက်(ယာယီ) ဖွဲ့စည်းခဲ့ရာတွင် မော်လမြိုင်၊ ကျိုက်မရော၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးမှလူငယ်များ၊ ဥပဒေပညာရှင်များနှင့် အငြိမ်းစားတရားသူကြီးများ စုစုပေါင်း ၃၀ ဦးကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...