MRTV 4 သတင်းထောက် ပစ်သတ်ခံရ

MRTV 4 သတင်းထောက် ပစ်သတ်ခံရ

ထားဝယ်ရှိ ကလိန်အောင်မြို့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRT 4 က သတင်းထောက်တစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။

ရုပ်သံလိုင်း သတင်းမီဒီယာတစ်ခု ဖြစ်သည့် MRTV 4 တွင် လုပ်ကိုင်နေသည့် သတင်းထောက်သည် စစ်ကောင်စီ သတင်းပေးလုပ်နေသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ် သည်။

သေဆုံးသူသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်၌ မိသားစုနှင့် အတူနေထိုင် သည့် ကိုလင်းလင်းထွန်း ဆိုသူဖြစ်ပြီး ခမရ - ၄၁၀ တပ်ရင်းကိုလည်း သတင်းပေးပို့ခြင်းနှင့် ရေးသားခြင်းများ လုပ်နေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကလိန်အောင်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ခံ လင်းယုန်က “သူက ဘော်ခုံမှာ သတင်းယူရင်း အမြဲတမ်း ဘော်လာ ထိုးတတ်တာမို့ စောင့်ကြည့်နေတာ ကြာပါပြီ။ ညနေဘက်

လူစုံချိန်မှာ ဘော်ခုံက ရတဲ့သတင်းတွေကို စစ်တပ်ဆီ သတင်းရေးပို့တယ်။ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ကြောင့်ပါ” ဟု ပြောသည်။

ကလိန်အောင်မြို့၊ ဇင်းဘာလမ်းရှိ ဆောက်လုပ်ရေးရုံးအနီး ဘိလိယက်ခုံ တစ်ခုတွင် ရှိနေသည့်ကိုလင်းလင်းထွန်း ကို ဇန္နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၃နာရီ အချိန်ခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က လာရောက် ပစ်သတ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုအား ကလိန်အောင်အခြေစိုက် Spring Dhmma PDF - KLAပြည်သူ့ကာကွယ်ရေးတပ်၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဦး - DDPDF နှင့် မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်ဟု ဇန္နဝါရီလ ၂၄ ရက်နေ့၊ ညပိုင်းမှာပင် LDF (PDF) အဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်သတ်ရှင်းလင်းခံရသူ ကိုလင်းလင်းထွန်းမှာ လက်ရှိတွင် MRTV 4 သတင်းဌာနတွင် ရေးသားလုပ်ကိုင်နေပြီး အာဏာ မသိမ်းခင်ကတည်းကလည်း စစ်တပ်ပိုင် မြဝတီ သတင်းစာတိုက်တွင် ကုတ်နံပါတ် ၄၁၂ ဖြင့် ရေးသား နေသူ ဖြစ်သည်ဟု ဆိုသည်။ သေဆုံးသွားသူ၏ ရုပ်အလောင်းကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ကလိန်အောင်ဆေးရုံသို့ တင်ဆောင်သွား သည်ဟု ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရမှု ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင် အား သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်ခြင်းများနှင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ညကလည်း ကလိန်အောင်မြို့ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPRING DHAMMA PDF- KLA တပ်ဖွဲ့မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းထွန်း နေအိမ်အား ဝင်ရောက် ပစ်ခတ်ခဲ့သေးသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...