ရွေးကောက်ပွဲ လူဦးရေစာရင်း ပြုစုသော ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦး ဒဏ်ရာရ

ရွေးကောက်ပွဲ လူဦးရေစာရင်း ပြုစုသော ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ စစ်သား ၃ ဦး ဒဏ်ရာရ

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ပြုစုနေသော ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကိုအဝေးထိန်း ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့၊ အနောက်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် မြို့နယ်ထွေအုပ်ရုံးအား အဝေးထိန်း အကြီးစားမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။

PDF တာဝန်ရှိသူ တစ်ဦးက ”ဒီနေ့ မနက် မြေပြင်သတင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦ ထိခိုက်မှုတချို့ ရှိခဲ့တယ်လို့ သိရတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် သာယာဝတီခရိုင် PDF တပ်း အရင်း ၃၈၀၁၊ တပ်ခွဲ ၅ ၏ နန်းထိုက် အောင်စစ်ဆင်ရေး စီမံချက် တစိတ်တပိုင်းအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရသောကြောင့် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံ၍ ရမ်းသန်းပစ်ခတ်မှုအချို့နှင့် မြို့အား ပိတ်ဆို့စစ်ဆေး ရှာဖွေမှုများ လုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည် PDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဇန္နဝါရီလ ၁၄ ရက်နေ့၊ ညပိုင်းတွင်လည်း စစ်ကောင်စီအတွက် လူဦးရေစာရင်းများပြုစု ကောက်ယူနေသည့် ကြို့ ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရုံးထိုင်သည့်

ရပ်ကွက်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးအား သာယာဝတီ ခရိုင် PDF အဖွဲ့က အကြီးစားမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့သည်။

သာယာဝတီခရိုင် PDF များသည် ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်း၊ ပေါင်းတည်နှင့် သာယာဝတီ ခရိုင်အတွင်းက စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

ယခင် ပဲခူရိုးမအခြေစိုက် ဗကပများ မရှိသည့် နောက်ပိုင်း နှစ်ပေါင်း ၅၀ ခန့်အကြာတွင် ပေါက်ခေါင်း၊ ပေါင်း တည်၊ သာယာဝတီနယ်များ အတွင်း၌ လက်နက်ကိုင် တော်လှန်မှုများပြန်လည် ပေါ်ပေါက်လာခြင်းဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...