သတို့သားအား ပစ်သတ်သွားသူများကို ပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီး

သတို့သားအား ပစ်သတ်သွားသူများကို ပြောက်ကျားတပ်ဖွဲ့ ဖမ်းဆီး

ရက်ပိုင်းအတွင်း မင်္ဂလာဆောင်တော့မည့် သတို့သားတစ်ဦးကို ပစ်သတ်ကာ ထွက်ပြေးသွားသူ ၂ ဦးအား တနင်္သာရီပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

အသက် ၂၆ နှစ်အရွယ် သတို့သား ကိုနှင်းထွန်းအား သေနတ်ဖြင့်ပစ်သတ်ကာ ထွက်ပြေးသွားသူ ၂ ဦးကို တနင်္သာ ရီ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က မိနစ် ၃၀ အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် မင်္ဂလာဆောင်တော့မည့် သတို့သား လောင်းကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ ၂ဦးက သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။

ဇန္နဝါရီလ ၁၁ ရက်နေ့၊ ည ၈ နာရီခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူ သတို့သားဖြစ်သူမှာ ရေဖြူမြို့နယ် ချောင်းဆုံကျေးရွာ ဇာတိဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံတစ်ဦးက “ဆိုင်ကယ်နဲ့ နှစ်ယောက်လာတာ တစ်ယောက်က မောင်းပြီး နောက်က ထိုင်လိုက်တဲ့ သူက တစ်ယောက်ပစ်တာ။ သတို့သားက နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်” ဟု ပြောသည်။

ပစ်ခတ် ထွက်ပြေးသွားသူ နှစ်ဦးကို ဖမ်းဆီးရမိချိန် စစ်ဆေးမေးမြန်းကြည့်ရာတွင် ညောင်ပင်ကွင်းကျေးရွာမှ ကိုမျိုးဆက်ပိုင်နှင့် ကိုအေးမြတ်ဇော်တို့ ဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြောက်ကျား တပ်ဖွဲ့တာဝန်ရှိသူက “နှစ်ယောက်စလုံးကို လုံခြုံတဲ့ နေရာမှာ ထိန်းသိမ်းထားပါတယ်။ လက်နက် ဘယ်လိုရခဲ့တယ်ဆိုတာနဲ့ ဘာ ကြောင့် ဒီလိုပြုလုပ်လဲ ဆိုတာတွေကိုတော့ ဆက်ပြီး စစ်ဆေးနေတုန်းပါပဲ” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသူ နှစ်ဦးကို ပဝကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ထံ လွှဲအပ်သွားမည်ဖြစ်ပြီး NUG အစိုးရ၏ တရားရေးဥပဒေနှင့် အညီ ဆုံးဖြတ်ကာ အပြစ်ပေး အရေးယူ သွားမည် ဖြစ်သည်ဟု တနင်္သာရီပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

တနင်္သာရီ မြို့နယ်အတွင်း ပြည်သူ့ကာကွယ်တပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် NUG အစိုးရ ၏ မူဝါဒများအတိုင်း ရပ်ကွက်ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့- ပလဖ နှင့် ပြည် သူ့ ကာကွယ်ရေးအဖွဲ့-ပကဖ စသည့်အဖွဲ့များက လှုပ်ရှားလျက် ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...