Published
Monday, September 18, 2017
မြန်မာဘာသာ အစီအစဉ် (စက်တင်ဘာလ ၁၇၊ ၂၀၁၇)
မွန်ပြည်နယ်လုံခြုံရေးအတွက် ကမ်းရိုးတန်းတစ်လျှောက် လုံခြံုရေးတိုးမြှင့် ချမှတ်ထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။
ချင်းတောင်သယံဇာတစောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသနစစ်တမ်းမှာ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေကို လူထု ၈၀ ရာခိုင် နှုန်းကျော်က မသိရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒီလကုန်မှာ ကူညီထောက်ပံ့မှု ရပ်စဲခံရတော့မယ့် အီတူးထာ့ ပြည်တွင်း စစ်ရှောင် IDP တွေကို ဆက်လက် အကူအညီပေးဖို့အတွက် အီတူးထာ့ IDP ပံ့ပိုးရေးကော်မတီက နိုင်ငံတကာအလှူရှင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေဆီ မေတ္တာရပ်ခံစာတစ်စောင် ပေးပို့လိုက်ပါတယ်။






