Published
Monday, September 18, 2017
ကချင်ဘာသာ အစီအစဉ် (စက်တင်ဘာလ ၁၆၊ ၂၀၁၇)
နမ္မတီး လမ်းခွကျေးရွာသား ၂ ဦး ဗုံးဖောက်ခွဲခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာကို အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့လွတ်တော် ဒုဥက္ကဋ္ဌ ဦးခွန်မြတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့စစ်တပ်ရဲ့ တိုင်းရင်းသားဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှု၊ စစ်မြေပြင်က အမျိုးသမီးနဲ့ကလေးတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုနဲ့ပတ်သက်ပြီး ကချင်နဲ့ ရိုဟင်ဂျာအဖွဲ့တွေက Permanent People Tribunal-PPT ကိုလာမယ့်အပတ်မှာ တင်ပြသွားဖို့ ရှိပါတယ်။






