အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့မှ ရက်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရသည်ဟု မြို့ခံများက ပြောသည်။

ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆိုသူသည် ဒီဇင်ဘာ ၂၁ ရက်နေ့၊ ညနေ ၃ နာရီ ဝန်းကျင်အချိန်ခန့်က အမှတ် (၂) အလက ကျောင်းရှေ့တွင် အမည်မသိ သေနတ်သမားများက လာရောက် ပစ် ခတ်သွားခဲ့သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် အခင်း ဖြစ်ပွား ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

မြို့ခံတဦးက ”ပစ်ခံရတာက ကျောင်းရှေ့မှာ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတယ်၊ သူက အရင်ကလည်း ပစ်ခတ်ခံရတာရှိတယ်။ ဒဏ်ရာရတာလောက်ပဲပေါ့။ ဒီတစ်ခါကတော့ ပွဲချင်းပြီးဖြစ်သွားတယ်” ဟု ပြောသည်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ကို ရာမည ပျောက်ကျားတပ်ဖွဲ့ (R.G.F)က ၎င်းတို့ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများကို နှိပ်စက်နေသည့် အတွက် ယခုကဲ့သို့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ရာမညပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရာမညပျောက်ကျားတပ်ဖွဲ့က “အောင်မေတ္တာ အုပ်ကြီးသည် စစ်ကောင်စီနှင့် ပူပေါင်းပြီး ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ငွေညှစ်ခြင်း များအပြင် စစ်ကောင်စီထံမဟုတ်မမှန်သတင်းများပေးပို့ပြီး ပြည်သူများအပေါ် မတရားဖမ်းဆီးမှုများအဆက်မပြတ်ပြုလုပ်ကျူးလွန်နေသည်” ဟု ထုတ်ပြန်ပြောဆိုထားသည်။

အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့က သုံးကြိမ်ထက်မနည်းပစ်ခတ်မှုပြုလုပ်ခဲ့သည် ဟုလည်း ဒေသခံများက ပြောသည်။

ရေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဟုစွပ်စွဲခံရသူများကို ဒေသ တွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့များက မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

စစ်ကောင်စီတပ်အား သတင်းပေးပြီး ဒလန်လုပ်နေသူများကို ဆက်လက် ရှင်းလင်းသွားမည်ဟုလည်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက အသီးသီး ထုတ်ပြန် သတိပေး ပြောဆိုထားသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...