ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

ဆနင်း – ဖောင်းဆိုင်ဒေသ SSPP တပ် ဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံ အမိန့်ပေး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ အနောက်ဘက် ဆနင်း – ဖောင်းဆိုင် ဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ တပ် ဆုတ်ခွာရန်အတွက် စစ်ကောင်စီဘက် မှ ထပ်မံ အမိန့်ပေး ထုတ်ပြန်လာကြောင်း သတင်းသိရသည်။

ဒီဇင်ဘာ ၁၉ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက် အထိ ပင်လုံမြို့ အနောက်ဘက်ခြမ်းရှိ ဆနင်း – ဖောင်းဆိုင်ဒေသဘက်တွင် စစ်တပ်မှ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်မည်ဖြစ်သဖြင့် အဆိုပါ ဒေသတွင် လှုပ်ရှားနေသည့် SSPP တပ်များ ဆုတ်ခွာရန် နှင့် မူးယစ်နှိမ်နင်းရေးအဖွဲ့အား နှောက်ယှက်ဟန့်တားမှု ပြုသည့်လုပ်ရပ်များ မလုပ်ရန် စစ်ကောင်စီ မှ SSPP ထံ ယနေ့ (ဒီဇင်ဘာ ၁၉) ရက်စွဲဖြင့် ပေးပို့လာကြောင်း SSPP အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ ထုတ်ပြန်အမိန့်ပေးခြင်း နှင့် ပတ်သက်ပြီး ဆနင်းဒေသရှိ SSPP/SSA အရာရှိတစ်ဦးက တပ်ဆုတ်ခွာရန် မဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုလိုက်သည်။

“သူတို့ဘက်က ဘယ်လိုပဲ ထုတ်ပြန်ပါစေ၊ မဆုတ်လို့ ပစ်မယ်ဆိုရင်လည်း ကျနော်တို့က တပ်ဆုတ်ဖို့ မရှိပါဘူး” ဟု ဆနင်းဒေသမှ SSPP/SSA အရာရှိက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း သိရှိနိုင်ရန် အတွက် SSPP/SSA တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ဖုန်းဟန် နှင့် ဗိုလ်မှူးကြီး စိုင်းဆုတို့ကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြား ခြင်း မရှိခဲ့ပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပင်လုံမြို့မှ ဆနင်း – ဖောင်းဆိုင် အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/ SSA နှင့် တိုက်ပွဲဖြစ်ပွားပြီးချိန်မှ စတင်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA က ယနေ့အချိန်အထိ နေရာယူ လှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...