စစ်ကောင်စီ ထောက်တိုင်များ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၅ ဦး ဖမ်းခံရ

စစ်ကောင်စီ ထောက်တိုင်များ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၅ ဦး ဖမ်းခံရ

မော်လမြိုင်ကျွန်းတွင် စစ်ကောင်စီထောက်တိုင်၂ ဦး တိုက်ခိုက်ခံရ ပြီးနောက် ဒေသခံ ၃၀ ကျော် ဆက်တိုက် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေး အဖွဲ့ဝင် ရာအိမ်မှူး သတင်း ပေး နှင့် ပျူစောထီး ခေါင်းဆောင် ဆိုသူတို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၅ ဦးခန့် ဖမ်းဆီးခံထားရသည်။

ဒေသခံ တစ်ဦးက “ပျူစောထီး ခေါင်းဆောင်နဲ့ သူ့အမေ သေနတ်နဲ့ အပစ်ခံရတာရယ်၊ ကျွန်းကြီးရွာက ရာအိမ် မှူး အိမ် ဗုံးခွဲခံရတာရယ်က ဆက်တိုက်လိုလို ဖြစ်ခဲ့တာ။ အဲ့ဒီနောက်ပိုင်း ဆက်တိုက်ဖမ်းနေတာ ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဖမ်းနေတုန်းပဲ“ ဟု ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်ထဲက ကျွန်းကြီးကျေးရွာရှိ စစ်ကောင်စီ ထောက်တိုင် ရာအိမ် မှူး သတင်းပေး ဦးမြင့်စိုး၏ နေအိမ်ကို ဒီဇင်ဘာလ ၈ ရက်နေ့က ဗုံးဖေါက်ခွဲခံမှုဖြစ်ပွားပြီး ဆင်မ ဝဲချောင်းကျေးရွာက ပျူစောထီး ခေါင်းဆောင် ဦးမင်းမင်း နှင့် မဘသ အဖွဲ့ ခေါင်းဆောင် ဦးမင်းမင်း၏ မိခင်တို့ ဒီဇင်ဘာလ ၅ရက်နေ့တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိရာ နောက်ဆုံးရရှိထား သည့် စာရင်းအရ ဒေသခံ စုစုပေါင်း ၃၅ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းထားသည်ဟု ဒေသခံများက ပြော သည်။

အဖမ်းခံရသူများထဲတွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ဖြစ်ပွားသည့်နေ့က လမ်းများကို ပိတ်ဆို့ စစ်ဆေးစဉ်က ဖမ်းခံ ထားရသည့် လမ်းသွားလမ်းလာများ၊ ဒေသခံ တောင်သူများ၊ ဧည့်စာရင်း စစ်ရင်း မသင်္ကာမှုဖြင့် အဖမ်းခံထား ရ သူများ နှင့် NLD ဝန်းရံသူအချို့ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

အဖမ်းခံနေရသည့်သူများ ၏ မိသားစု နှင့် နီးစပ်သူတစ်ဦး က “ဘယ်သူမှ ပြန်မလွတ်သေးဘူး။ စစ်တပ်နဲ့ ရဲက ရိုက်နှက်ဖို့လောက်ပဲ တတ်တဲ့ သူတွေလေ။ အဲဒီတော့ ဖမ်းသွားတယ် ဆိုကတည်းက အဖမ်းခံရသူတွေအတွက် မိသားစုတွေ စိုးရိမ်နေကြတယ်။ ပိုက်ဆံ မပေးနိုင်ရင်တော့ ထောင်ကျမှာ အသေအချာပဲ” ဟု ပြောသည်။

ကျွန်းကြီးကျေးရွာက ရာအိမ်မှူးဦးမြင့်စိုးက ၎င်းနှင့် မသင့်မြတ်သည့် ဒေသခံ ၂ ဦး၏ အိမ်ခြံမြေများကိုချိပ်ပိတ် ခံရအောင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပေါင်းပြီး လုပ်ကြံခဲ့သည့်အပြင် ဒေသခံများကိုခြိမ်းခြောက်ခြင်း၊ တော်လှန် ရေး အင်အားစုများကို နှောက်ယှက် ဖမ်းဆီးခြင်းနှင့် ဧည့်စာရင်းစစ် အတင်းအကြပ် ငွေညှစ်ခြင်းတို့ လုပ်သည့် အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု မော်လမြိုင်ကျွန်းမြို့နယ်PDF က သတင်းထုတ်ပြန် ထားသည်။

ထို့အတူ မော်လမြိုင်ကျွန်းမြို့နယ် ဆင်မဝဲချောင်း ကျေးရွာက ပျူစောထီး စစ်ခေါင်းဆောင် မင်းမင်း နှင့်၎င်း မိခင်ဆိုသူတို့က ဒေသခံ တော်လှန်ရေး အင်အားစုများကို အနှောက်အယှက်ပေးပြီး ဒေသခံများ အပေါ် ခြိမ်း ခြောက်မှုများ လုပ်ခြင်းကြောင့် “EAGLE GUERILLA FORCE” (မော်ကျွန်း) အဖွဲ့က ပစ်ခတ်တိုက်ခဲ့ခြင်း ဖြစ်သည် ဟု သတင်းထုတ်ပြန် ထားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကျွန်းကြီးကျေးရွာရှိ စစ်ကောင်စီ ထောက်တိုင် ရာအိမ်မှူး သတင်းပေး ဦးမြင့်စိုး၏ နေအိမ် အနည်းငယ် ပျက်စီးမှု ရှိခဲ့ကာ လူထိခိုက်မှု မရှိသော်လည်း ဆင်မဝဲချောင်းကျေးရွာက ပျူစောထီး ခေါင်းဆောင် ဦးမင်းမင်းနှင့် ၎င်း၏ မိခင်တို့ ပစ်ခတ်ခံရမှုမှာ သားအမိနှစ်ဦးစလုံး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေး ကုသနေဆဲဖြစ်သည် ဟု ဒေသခံများက ပြောသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...