TNLA ကို ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှုလွှဲခြင်းဟု စစ်ကောင်စီ ထုတ်ပြန်

TNLA ကို ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှုလွှဲခြင်းဟု စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာအတွင်း TNLA တပ်စခန်းရှိရာသို့ စစ်ကောင်စီ တပ်ဖွဲ့မှ လေကြောင်းလိုင်း နှင့် ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် နားလည်မှု လွှဲခြင်းသာဖြစ်ကြောင်း စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

ဒီဇင်ဘာ (၁၇) ရက်က စစ်ကောင်စီ မှ ကုန်းသာကျေးရွာသို့ မြေပြင် အပါအဝင် လေကြောင်းလိုင်း မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခတ်ခြင်းသည် NUG၊ PDF၊ CRPH တို့နှင့်သာ သက်ဆိုင်ပြီး TNLA နှင့် ဖြစ်ပွားသည့် တိုက်ပွဲသည် နားလည်မှု လွှဲခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရဟတ်ယာဥ် ၊ ဂျက်ဖိုက်တာ (၁၀) စီးကျော် အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှု (၅၀) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပေမယ့် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြီး ဒီဇင်ဘာ (၁၃) ရက်အထိ အာဏာသိမ်းစစ်ကောင်စီ တပ်သား အလောင်း ၄၇ လောင်းတွေ့ရပြီး၊ အရှင်လတ်လတ် စစ်သုံ့ပန်းအဖြစ် ၂၄ ဦးကို TNLA တပ်ဖွဲ့မှ ဖမ်းဆီး ထားကြောင်း စစ်မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကုန်းသာကျေးရွာ လုံးကျွတ် ပျက်စီးသွားခဲ့သည်။

ဒီဇင်ဘာ (၇) ရက်မှ (၁၂) ရက်နေ့ထိ တိုက်ပွဲကာလ အတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဥ် ရဟတ်ယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ရှိသည့် အတွက် ကုန်းသာကျေးရွာသို့ လက်နက်ကြီး ကျပြီး ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ် ရွာလုံးကျွတ်နီးပါး ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...