Published
Thursday, September 14, 2017
ကရင်နီဘာသာအစီအစဉ် (စက်တင်ဘာလ ၁၄၊ ၂၀၁၇)
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ကန်ခုနှစ်ဆင့်မှာရှိတဲ့ ရေကန် ရ ကန်ကို အဆင့်မြင့်တင်ဖို့ အစိုးရက ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
ကရင်နီတော်လှန်ရေးစတင်ခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာမှာ ၆၉ နှစ်မြောက် ကရင်နီအာဇာနည်နေ့ကို ကျင်းပခဲ့ပါတယ်။
လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်မှာ ဆီထုတ်ယူရာကနေ ဆိုင်ကယ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ရတဲ့ အဆင့်မြင့် ထွန်စက်အရောင်းဆိုင်ကို လွိုင်ကော်မြို့ ပန်ကန်းကျေးရွာမှာ ပထမဆုံး ဖွင့်လှစ်လိုက်ပါတယ်။






