သျှမ်းမြောက် နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းမြောက် နမ့်ဆန်မြို့ရောက် စစ်ဘေးရှောင်များ အဝတ်ထည်နှင့် ရေ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အဝတ်အထည် နှင့် ရေများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲကြောင့် ပြည်သူ (၁,၀၀၀) ကျော် နမ့်ဆန်မြို့ ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင် များပြားသောကြောင့် နေထိုင်ရာအတွက် ရေများခက်ခဲနေပြီး တစ်ချို့ စစ်ဘေးရှောင်များ ကိုယ်လွှတ်ရုန်းပြီး ထွက်ပြေးလာရသဖြင့် အဝတ်အစားများမရရှိခဲ့ကြောင်း စစ်ရှောင် ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” အစားသောက်တွေ၊ ရေတွေ ခက်ခဲတာပေါ့။ အလှူငွေလိုအပ်တယ်။ အလှူရှင်တော့ ရှိပါတယ်။ ပြီးတော့ ရေတွေလိုအပ်နေတယ်။ အထွေထွေ အသုံးပြုဖို့ ရေတွေလိုအပ်တယ်လေ။ တစ်ချို့က ကိုယ်တစ်ခု အဝတ်တစ်ထည်ပဲလာတာလည်းရှိတယ်။ အဝတ်တွေ မပါတဲ့သူတွေ အတွက်လည်း အဝတ်တွေလိုအပ်နေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဘုန်းကြီး တစ်ပါး က မိန့်ကြားသည်။

ထိုသို့ စစ်ဘေးရှောင်များသည် ကုန်းသာ ၊ ပန်လော့၊ ဟူးမန်၊ မန်လုံ၊ ပိန်းလုံ ၊ တာလှည့် နှင့် တာငံကျေးရွာ ဒေသခံများက ထွက်ပြေးတိမ်းရှောင်လာကြသည်။

ထိုအပြင် မန်လုံကျေးရွာတွင်းတွင်လည်း စစ်ဘေးရှောင်တစ်ချို့ ရောက်ရှိနေကြောင်း သိရသည်။

” မန်လုံမှာလည်း စစ်ဘေးရှောင် ၃၀၀ ဝန်းကျင်လောက်ရှိသေးတယ်။ သူတို့ကတော့ မပြေးသေးဘူး။ သူတို့က ဒီမှာနေပြီး ထမင်း၊ ဟင်းတွေ ချက်ပြီးတော့ နမ့်ဆန်က စစ်ဘေးရှောင်တွေကို ပို့ပေးတာရှိတယ်” ဟု မန်လုံ စစ်ဘေးရှောင်ကို ကူညီပေးသူက တစ်ဦးက ပြောသည်။

ထိုအပြင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ပျက်စီးသည့်အပြင် ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန် နှင့် အသားစား တိရစ္ဆာန်များလည်း သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီ နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ဒီဇင်ဘာ ၇ ရက် မှစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သိရသည်။ဒီဇင်ဘာ ၁၂ ရက်တွင်လည်း စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးပြီး ၂၄ ဦး ဖမ်းဆီးမိကြောင်း TNLA တပ်သားများထံသိရှိရသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...