Published
Wednesday, September 13, 2017
ကရင်ဘာသာ အစီအစဉ် (စက်တင်ဘာလ ၁၃၊ ၂၀၁၇)
မြိုင်ကြီးငူ စစ်ပြေးရှောင်စခန်းက ၅ နှစ်အောက် ကလေးငယ် ၄၀၀ နီးပါးကို သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။
နယ်စပ် ကရင်ဒုက္ခသည်စခန်းနှစ်ခုဖြစ်တဲ့့ မယ်ရာမိုနဲ့ မယ်လစခန်းတွေမှာ သြဂုတ် ၂၂ ရက်ကနေ ဒီကနေ့အထိ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ A (H1N1)ရောဂါပိုးတွေ့ရှိသူတွေထဲက ၃ ဦး သေဆုံးခဲ့ပါတယ်။
ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ကို ပထမဆုံးအကြိမ်အနေနဲ့ ဂုဏ်ပြုပွဲတစ်ခု ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။






