တနင်္သာရီတိုင်းအတွင်း ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ ၂ ဘက် အကျအဆုံးရှိ

တနင်္သာရီတိုင်းအတွင်း ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ ၂ ဘက် အကျအဆုံးရှိ

တနင်္သာရီမြို့နယ်က လယ်သစ်ကျေးရွာတွင် နှစ်ရက် ဆက်တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိနေ သည်ဟု မဟာမိတ်တပ်ပေါင်းစုအဖွဲ့က ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု မဟာ မိတ် တပ်ပေါင်းစု အဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက “ပထမရက် တိုက်ပွဲမှာ စစ်သား ၂ ဦးသေ ဆုံးသွားတယ်။ ကျနော်တို့ဘက်က လက်ဦးမှုရယူထားတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ခြေလျင် စစ်ကြောင်းထိုး ရောက်ရှိလာသည့် နယ်မြေရှင်းလင်းရန် စစ်ကောင်စီ တပ်ဖွဲ့ ဝင် အယောက် ၆၀ ခန့်နှင့် ပျူစောထီးအဖွဲ့ဝင် အယောက် ၄၀ ခန့်တို့ ပူးပေါင်းထားသည့် စစ်ကြောင်းသည် လယ် သစ်ကျေးရွာသို့ ဝင်ရောက် တပ်စွဲခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခြင်း ဖြစ်သည်။

လယ်သစ်အရှေ့ကမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း - ၂ တပ်ခွဲ (၂) နှင့်တနင်္သာရီရိုးမအဖွဲ့ တို့ ပူးပေါင်းထားသည့် တနင်္သာရီ မဟာမိတ်တပ်ပေါင်းစုတို့က စတင် ချောင်းမြောင်းပစ်ခတ်ခဲ့ကြရာမှ နှစ်ဘက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁နာရီခန့်အထိ ၂နာရီကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဒုတိယနေ့ဖြစ်သည့် နိုဝင်ဘာလ ၂၆ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင်လည်း ပြည်သူ့ ကာ ကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့က ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့ကြရာ ညနေပိုင်း အချိန်ထိပင် နှစ်ဘက် ကြား အပြန်အလှန် တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း မဟာမိတ်တပ်ပေါင်းစုဘက်မှ ဒေါင်းမင်း ဆိုသူ တပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီး ကျည်ထိ မှန် ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သား ၆ ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိခဲ့သည်ဟု မဟာမိတ်တပ်ပေါင်းစု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်နက်ကြီး လက်နက်ငယ်တွေပစ်ကြတာ ဆူညံနေတာ၊ ရွာသားတွေက စစ်ကြောင်းထိုးလာပြီ အသံကြားက တည်းက ရွာမှာမနေရဲပဲ တောထဲတွေ ရှောင်ပြေးနေကြရတာ၊ ဒီရက်ပိုင်း မိုးကလည်း နေ့တိုင်းလိုရွာနေတော့ မိုးထဲရေထဲ ဒုက္ခရောက်နေကြတာပေါ့” ဟု ရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် လများအတွင်း တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာကာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင် နေကြရသည့် ရွာသားများ ရွာတွင်ပြန်လည်နေထိုင်သည်မှာ ၂လကျော်ခန့်သာ ရှိသေးပြီး တိုက်ပွဲများ ထပ်မံ ပြင်း ထန်လာမည်ကို စိုးရိမ်နေကြရသည်ဟု ၎င်းက ဆိုသည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်၏ ချောင်းလက်တက်တစ်ခုတွင် တည်ရှိပြီး ရေချောင်းခြားထားလျက် အရှေ့ကမ်းနှင့် အနောက်ကမ်း ၂ခြမ်းရှိနေကာ စုစုပေါင်း အိမ်ခြေ တစ်ထောင်ကျော်ခန့် ရှိကာ ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်ကြသည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသောစစ်ရေးအခြေအနေ တင်းမာနေမှုများအရ ပြည်သူများ၏ အသက်အိုး အိမ် လုံခြုံရေးကို ရှေးရှု့၍ ဒေသခံမိဘပြည်သူများနှင့် ခရီးသွားလာမည့်သူများသည် သတိရှိကြပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်းလည်း တနင်္သာရီမဟာမိတ်တပ်ပေါင်းစု၏ ထုတ်ပြန်ချက်အတွင်း သတိပေး ရေးသားထား သည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...