Published
Monday, September 11, 2017
ရခိုင်ဘာသာ အစီအစဉ် (စက်တင်ဘာလ ၁၀၊ ၂၀၁၇)
ရခိုင်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ တစ်နေ့ထက်တစ်နေ့ များလာနေပြီး ကယ်ဆယ်ရေးစခန်းတွေကိုလည်း တိုးချဲ့ဖွင့်ထားရပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကယ်ဆယ်ရေးစခန်းတွေမှာရောက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို အထူးအခွင့်အရေးအနေနဲ့ နီးစပ်ရာစာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ပေးထားပါတယ်။
စစ်တွေဆေးရုံရဲ့လိုအပ်ချက်တွေကို ဆေးရုံတာဝန်ရှိသူတွေအနေနဲ့ တင်ပြတောင်းဆိုကြဖို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားပါတယ်။






