Published
Sunday, August 13, 2017
ရခိုင်ဘာသာ အစီအစဉ် (သြဂုတ်လ ၁၃၊ ၂၀၁၇)
ဆူပူအကြမ်းဖက်မှုတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့ဆိုပြီး ရခိုင်ပြည်နယ်က နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံး ရခိုင်ဒေသကထွက်သွားဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။
မောင်တောခရိုင်က အခြေအနေတွေကို တပ်မတော်၊ နယ်ခြားစောင့်ရဲ၊ ပြည်နယ်အစိုးရနဲ့ ပြည်သူတွေ (၄)ပွင့်ဆိုင်ဖြေရှင်းသင့်တယ်လို့ အရင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက အကြံပြုပြောကြားလိုက်ပါတယ်။
ရခိုင်အရေးနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။






