တွေ့ဆုံဆွေးနွေးရေး ဖြစ်ရန် သတ်မှတ်ချက်များ လိုအပ်မည် ဆလိုင်းထက်နီနှင့် အင်တာဗျူး

တွေ့ဆုံဆွေးနွေးရေး ဖြစ်ရန် သတ်မှတ်ချက်များ လိုအပ်မည် ဆလိုင်းထက်နီနှင့် အင်တာဗျူး
ဓါတ်ပုံ - (Khonumthung)
ဓါတ်ပုံ - (Khonumthung)

ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်သာ မလုံလောက်ပဲ ကုလ သမဂ္ဂ၊ နိုင်ငံတကာနှင့် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အစုအဖွဲ့များ အားလုံးပါဝင်ရန်လိုသည်ဟု တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါ်ဆိုထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ အစုအဖွဲ့များ ပါဝင် ရမည့်အပြင် စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အင်အားတိုးချဲ့ မှုများနှင့် စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ စစ်ဘေးသင့် ပြည်သူလူထုများအား လွတ်လပ်စွာ လူမှုကူညီ ထောက်ပံ့မှုများကို ခွင့်ပြုပေးရန်လည်း  ထည့်သွင်းတောင်းဆိုထားသည်။

ထိုသို့တောင်းဆိုလိုက်သည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း ၃ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ဖြစ်သည်။

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း ၃ ဖွဲ့က ဘာကြောင့် ယခုလို တောင်းဆိုရတာလဲ၊ တောင်းဆိုချက်ကို စစ်ကောင်စီဖက်က လိုက်လျောခဲ့ရင် ဆွေးနွေးပွဲကို တက်ရောက်မည့် အနေအထားတွေ ရှိနေပါသလား၊ စတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ချက် ထုတ်ရာတွင်ပါဝင်သည့် ချင်းအမျိုးသားတပ်ဦး CNF ကို သတင်းနှင့် မီဒီ ယာ ကွန်ရက်(NMG) က ဆက်သွယ်မေးမြန်းထားရာမှာ ထုတ်ပြန်ချက်၏ အဓိက အချက်များကို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုလို စတင်ဖြေကြားသည်။

ဆလိုင်းထက်နီ - ကျနော်တို့က အဲသလိုမျိုး ဆွေး နွေးပွဲကို တကယ်လုပ်ချင်တယ်ဆိုရင် အားလုံးပါဝင်တဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ် Stakeholder တွေ အား လုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်ပြီးတော့မှ ကျနော်တို့ ၂ ဖက်ဆွေးနွေးတဲ့အထဲမှာ ကျနော်တို့ ဒီ UN တို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ ကြားဝင်ဖြန်ဖြေပေးတဲ့ အားမခံချက်တစ်ခုပေးနိုင်တဲ့ အဖွဲ့အစည်း နိုင်ငံတကာ အဲ့ဒါကို လို အပ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဆွေးနွေးတဲ့ အခါမှာလည်း ကျနော်တို့ တတိယနိုင်ငံ နိုင်ငံတခုခုပေါ့ ကျနော်တို့ ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဆွေးနွေးတဲ့ အခင်းအကျင်းမျိုး ဖြစ်သင့်တာ ပေါ့နော်။ ကျနော်အဲ့သလိုပဲ ပြောချင်ပါတယ်။

မေး - ကုလသမဂ္ဂနဲ့ တတိယ နိုင်ငံတစ်ခုခုက ပါဝင်တက်ရောက်မယ်ဆိုရင် ဒီဆွေးနွေးပွဲကို ဒီအဖွဲ့ ၃ ဖွဲ့က တက် ရောက်မယ့် သဘောလား။

ဆလိုင်းထက်နီ - အဲဒီမှာ ကျနော်တို့ တကယ်လို့ ဆွေးနွေးဖို့ဖြစ်ခဲ့မယ်ဆိုရင် Precondition ကို ကျနော်တို့က ရှိရ မှာ ဖြစ်တယ်။ ကျနော်တို့ အချက် ၃ မှာ ပါတဲ့ ဒီအပစ်အခတ်ရပ်စဲမှုကို တစ်ပြည်လုံးအတိုင်းအတာနဲ့ ပြုလုပ်ဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ ကျနော်တို့ အခုလက်ရှိ ဖြစ်ရှိ ကြုံတွေ့နေရတဲ့ ပြည်တွင်းမှာ စစ်ဘေး ဒုက္ခ သည်တွေ အားလုံး အိမ်တို့ အိုးအိမ်တို့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ ဖြေရှင်းနိုင်မယ့် နိုင်ငံတကာ အကူအညီ စသ ဖြင့် အဲဒါကို လွတ်လွတ်လပ်လပ် ဝင်ခွင့်တွေ စသဖြင့်ပေါ့ Precondition တွေကတော့ အများကြီးရှိမှာပါ။ အဲဒီထဲ ကမှ ကျနော်တို့ အချက် တစ်ခု ၂ ခုကို ဖော်ပြတာဖြစ်တယ်။ အဲသလိုမျိုး လုပ်ရင်တော့ ဒီအခင်းအကျင်းက ဆက်လက်ပြီးတော့ သွားနိုင်ပါလိမ့်မယ်။ အဲသလိုမှ မဟုတ်ရင်တော့ အခုဆွေးနွေးနေတဲ့ ပုံစံကတော့ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် တစ်ခုအနေနဲ့ပဲ ကျနော်တို့က အဲသလိုပဲ မြင်ပါတယ်။

မေး - ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ ပါဝင်ဖို့ကို ဘာကြောင့် တောင်းဆိုရတာလဲ။

ဆလိုင်းထက်နီ - အဓိကကတော့ ကျနော်တို့ နိုင်ငံဟာ ကျနော်တို့ နိုင်ငံတခုတည်းနဲ့ ရပ်တည်တဲ့ နိုင်ငံမဟုတ်ပါ ဘူး။ အိမ်နီးချင်းနိုင်ငံ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က အဲသလိုမျိုး ကျနော်တို့ ရပ်တည်တဲ့ နိုင်ငံဖြစ် တဲ့အတွက် ကျနော်တို့တည်းနဲ့ နှစ်ပေါင်း ၇၀ ပြည်တွင်းစစ် နိုင်ငံရေး ပဋိပက္ခဖြေရှင်းတာမျိုးက ကျနော်တို့က NCA လမ်းကြောင်းကနေ ပြုလုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အဖြေဘာမှ မထွက်ဘူး။ အဲဒါကြောင့် ကျနော်တို့က နိုင်ငံ တကာရဲ့ အာမခံချက် ပြီးတော့ ကျနော်တို့ ဆွေးနွေးမှု ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ပြုလုပ်ဖို့က အဓိက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင် အဲသလိုမျိုး ဖြစ်စေချင်တဲ့ သဘောပါ ဟုတ်ကဲ့။

မေး - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအပြင်ကို သက်ဆိုင်ရာ Stakeholder ပါဝင်ရမယ်ဆိုပြီးပြောသွားတာ ဆိုတော့ သက်ဆိုင်ရာ Stakeholder အဖွဲ့အစည်းတွေက ဘယ်လို အဖွဲ့အစည်းတွေကို ပြောချင်တာလဲ။

ဆလိုင်းထက်နီ - ဟုတ်ကဲ့ စစ်အာဏာသိမ်းပြီးလိုမှ ကျနော်တို့ ဆန္ဒပြတယ် ဆန္ဒပြပြီးတော့မှ အခုတစ်ပြည်လုံး လက်နက်ကိုင်တဲ့ အဆင့်တွေ ဖြစ်လာတဲ့အခါမှာ အဲဒီမှာ အားလုံးပါဝင်တဲ့ စစ်ကောင်စီကို ဖြတ်ချဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်လိုတဲ့ Stakeholder တွေ အဓိက ဥပမာ ကျနော်တို့ ၂၀၂၁ မှာ အနိုင်ရထားတဲ့ NLD အခုတော့ NUG ပေါ့ စသဖြင့် ပြီးတော့ ပြည်တွင်းမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ စသဖြင့်ပေါ့ ပြီးတော့ CDM လုပ်သွားတဲ့ အစုအဖွဲ့တွေ စသဖြင့် အဲသလိုမျိုး အဲဒါနဲ့ ပါဝင်ပတ်သက်နေတဲ့ အစု အဖွဲ့တွေ အားလုံးကို ကျနော်ဆိုလိုတာ ဖြစ်ပါတယ်။

မေး - CNF အဖွဲ့အပါအဝင် KNU ၊ KNPP တို့တောင်းဆိုထားတဲ့ ထိုးစစ်တွေရပ်ရမယ်။ စစ်ဘေးရှောင်တွေကို လွတ် လပ်စွာ ကူညီခွင့်ပေးရမယ် အဲဒါတွေကို စစ်ကောင်စီဖက်က လုပ်ဆောင်ပေးရင် ဒီအဖွဲ့ ၃ ဖွဲ့က ဆွေးနွေးပွဲ ကို တက်ရောက်မယ့် သဘောလား။

ဆလိုင်းထက်နီ - ဟုတ်ကဲ့ ကျနော်တို့ လိုချင်တဲ့ Precondition သည် ပြီးပြည့်စုံတဲ့ အဲသလိုမျိုး ရှိတယ်ဆိုရင် တော့ အဲဒီအနေအထားကတော့ ကျနော်တို့ ကိုယ့်အထဲထဲမှာတော့ အဲဒါအခွင့်အလှမ်းလား အခွင့်အရေးလား ထောင်ချောက်လား အဲဒါကျနော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေးပြီးတော့ ဒါတွေကတော့ တစ်ဆင့်ချင်း သွားရ မယ့်ဟာ ဖြစ်ပါတယ်။

မေး - စစ်ကောင်စီဖက် ဒီအချက်တွေကို သဘောတူတယ် လုပ်ပေးတယ်။ ဒါပေမယ့် သက်ဆိုင်ရာ Stakeholder တွေ မပါဝင်ဘူးဆိုရင် တက်ရောက်မယ့် အခြေအနေကရော ဘယ်လိုရှိသလဲ။

ဆလိုင်းထက်နီ - အဲဒါကျတော့ ကျနော်တို့ Statement အတိုင်းပါပဲ ကျနော်တို့က အဲဒါကြောင့်လဲ ကျနော်တို့ အခု သူခေါ်နေတဲ့ဟာ မတက်ဖြစ်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ဖက်က Precondition တွေသည် ကျနော် တို့ လိုချင်တာ မရဘူးဆိုရင်တော့ ဆွေးနွေးဖို့ကတော့ ခက်ခဲပါလိမ့်မယ်။

မေး - ဘာများဖြည့်စွတ်ပြောချင်ပါသေးလဲ။

ဆလိုင်းထက်နီ - အဲဒီဆွေးနွေးပွဲခေါ်တဲ့ ကိစ္စမှာ တက်ရောက်မယ့် အဖွဲ့အစည်းတွေကို ကျနော်တို့က ဒီသိသင့် သ လောက်တော့ သိပါတယ်။ ဒါပေမယ့် သွားတက်ရောက်မယ့် EAOs အဖွဲ့အစည်းတွေက ကျနော်တို့ လက်ရှိ မြန်မာ နိုင်ငံမှာ စစ်မက်ပဋိပက္ခဖြစ်နေတဲ့ ဒေသက အဖွဲ့အစည်းတွေက အင်မတန်မှ နည်းပါတယ်။ အဲဒါကြောင့် အခုလို သွားဆွေးနွေးတာမျိုးက အဲဒါစစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက် တစ်ခုအတွက် အားပေးနေသလားဆိုတဲ့ဟာ ကျနော်တို့က ထောက်စရာ ဖြစ်နေပါတယ်။ ပြီးတော့ ဒီနေ့ မင်းအောင်လှိုင်က ခေါ်နေတဲ့ ဆွေးနွေးမှုက ဆွေးနွေး ချင်တဲ့လူ ဆွေးနွေးသူ မဆွေးနွေးစေချင်တဲ့လူ မဆွေးနွေးနဲ့ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပုံဆိုရင် နောက်တစ်ခု ဒီနေ့ နိုင်ငံ ရေး ပဋိပက္ခက ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဒီစစ်ကောင်စီနဲ့ ကြား အဲဒီ ၂ ဖက်နဲ့ ဖြေရှင်းလို့ရ တဲ့ ပဋိပက္ခ မဟုတ်တော့ဘူးခင်ဗျာ။ အဲဒါကြောင့် ကျနော်တို့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှု မဖြစ်သေးတဲ့ မဖြစ်တဲ့ ဒီ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ် ချက်ကတော့ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခု နိုင်ငံတကာ မျက်နှာ သာရအောင် လုပ်နေတဲ့ လုပ်ဆောင်မှု အဲသလိုပဲ မြင်ပါတယ်။ အဲဒါကြောင့် အဲဒါတွေကို ကျနော်တို့က အနီးကပ် သေချာစောင့်ကြည့်ပြီးတော့ အနီးကပ် တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အင်မတန်မှ ချင်ချိန်ဖို့ လိုပါ တယ်လို့ ကျနော်ထပ်ပြီးတော့ ပြောချင်ပါတယ်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...