Published
Monday, July 24, 2017
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၂၃၊ ၂၀၁၇)
မြောက်ပိုင်းတိုုင်းရင်းသားမဟာမိတ်အဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ ညီညွတ်သော တုုိင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြိုးပမ်းသွား မယ်လိုု့ ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုုက်ပွဲတွေ ဆက်တိုုက်ဖြစ်ပွားနေ တာကြောင့် ထိခိုုက်ဒဏ်ရာရတာတွေရှိသလိုု သေဆုံုးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၃ ခုကနေ မိမိဆန္ဒအလျောက် နေရပ်ပြန်ဖို့ စာရင်းတင်ထားတဲ့ ဒုက္ခသည်အယောက် ၁၆ဝ ကျော်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံးက ဒီလထဲမှာ မေးမြန်းမှုပြုလုပ်ပြီး ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။






