စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကို ယနေ့ နံနက်ပိုင်းက Katha PDF အဖွဲ့မှ ရှော့တိုက်ဒုန်း ၂ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့ နံနက် မန္တလေးမှ ကသာဘက်သို့ စစ်အင်အား တင်ဆောင်လာသည့် အဆိုပါသင်္ဘောကို ကသာမြို့ အောက်ဖက် ပန်းသေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညနေ ၃ နာရီ ၁၅ မိနစ် ကသာကမ်းကို ဆိုက်လာတယ်။ အဲနောက် ၄ နာရီ၁၀ မိနစ်‌လောက်မှာ ကသာဆိပ်ကမ်းက‌နေ လူနာတင်ယာဥ် ၄ စီးနဲ့ ကသာဆေးရုံကိုမောင်းသွားတယ်။ ထိခိုက်သေဆုံးမူများနိုင်တယ်။ လူနာတင်ယာဉ်က ၄စီးတောင် ဟုတ်တယ်။ ထိခိုက်သေဆုံးတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကို KATHA PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ သဘော်အတွင်းသို့ တည့်တည့်ကျ‌ရောက်ပေါက်ကွဲသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ကသာနယ်အဆုံး ရွှေကူမြို့နယ် လုတ်တိုင်းချောင်းအနီး စစ်ကောင်စီတပ်၏ စက်လှေ ၂ စီးကို မြို့လှ PDF မှ တိုက်ခိုက်ခဲ့သည်။

အလားတူ မတ်လ ၁၃ ရက်နေ့တွင်လည်း ကသာနယ်၊ ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးမည့် ခြေလျင်တပ်ကို မြို့လှ PDF မှ စောင့်ကြို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တို့သည် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ မကြာခန တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Most read this week

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...