စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကသာအနီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကသာဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ် သင်္ဘော ၂ စီး ကို ယနေ့ နံနက်ပိုင်းက Katha PDF အဖွဲ့မှ ရှော့တိုက်ဒုန်း ၂ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့ နံနက် မန္တလေးမှ ကသာဘက်သို့ စစ်အင်အား တင်ဆောင်လာသည့် အဆိုပါသင်္ဘောကို ကသာမြို့ အောက်ဖက် ပန်းသေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ညနေ ၃ နာရီ ၁၅ မိနစ် ကသာကမ်းကို ဆိုက်လာတယ်။ အဲနောက် ၄ နာရီ၁၀ မိနစ်‌လောက်မှာ ကသာဆိပ်ကမ်းက‌နေ လူနာတင်ယာဥ် ၄ စီးနဲ့ ကသာဆေးရုံကိုမောင်းသွားတယ်။ ထိခိုက်သေဆုံးမူများနိုင်တယ်။ လူနာတင်ယာဉ်က ၄စီးတောင် ဟုတ်တယ်။ ထိခိုက်သေဆုံးတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်မှုကို KATHA PDF အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ သဘော်အတွင်းသို့ တည့်တည့်ကျ‌ရောက်ပေါက်ကွဲသွားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း ကသာနယ်အဆုံး ရွှေကူမြို့နယ် လုတ်တိုင်းချောင်းအနီး စစ်ကောင်စီတပ်၏ စက်လှေ ၂ စီးကို မြို့လှ PDF မှ တိုက်ခိုက်ခဲ့သည်။

အလားတူ မတ်လ ၁၃ ရက်နေ့တွင်လည်း ကသာနယ်၊ ချောင်းဝရွာအနီး သင်္ဘောလုံခြုံရေးယူပေးမည့် ခြေလျင်တပ်ကို မြို့လှ PDF မှ စောင့်ကြို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တို့သည် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ မကြာခန တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...