မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို

မြစ်ဆုံဒေသ ရွှေတူးဖော်မှုများ ရပ်တန့်ပေးရေး ဒေသခံများ ဆန္ဒပြတောင်းဆို

ဧရာဝတီမြစ် ထာဝစဉ်စီးဆင်းနိုင်ရေးနှင့် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသောလုပ်ငန်းများ အမြန်ဆုံး ရုတ်သိမ်းပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများကို အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့တွင် မြစ်ဆုံသေခံများ ပြုလုပ်ခဲ့ကြသည်။

မတ်လ ၁၄ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသော တန်ဖရဲ၊ အောင်မြင်သာ၊ လမုန့်ဇွပ် နှင့်မလိယာန် အပြင် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၇၀ ဦးခန့် ပါဝင်ပြီး ယခုလို တောင်းဆိုခဲ့ကြသည်ဟု မြစ်ဆုံဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“ဒီလှုပ်ရှားမှုက ကျနော်တို့ ဒေသခံတွေရဲ့ ရင်ထဲတကယ်ခံစားနေရတဲ့ အရာတွေကို ဖော်ပြတဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဒေသခံတွေက မလိခမြစ် ထာဝစဉ်စီးဆင်းနေဖို့၊ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးနေတဲ့သူတွေ ရပ်တန့်ပေးဖို့၊ မြစ်ဆုံစီမံကိန်းထာဝရရပ်တန့်ပေးဖို့ ဒီအချက်တွေဘဲ တကယ်ဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီး ပြုလုပ်ရတဲ့အကြောင်းဖြစ်တယ်” ဟု ပြောဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြစ်ဆုံဒေသတွင် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုလုပ်ငန်း ပြုလုပ်လာခြင်းကြောင့် ကျေးရွာများတွင် သောက်ရေခမ်းခြောက်မှုများကြုံတွေ့နေရပြီး သန့်ရှင်းသော ရေရရှိရန် ခက်ခဲလာသည်ဟု သူက ဆက်ပြောသည်။

“အခုဆို သဘာဝမြစ်ချောင်း အင်းအိုင် ဂေဟစနစ်တွေပျက်စီးလာလို့ ရေခမ်းခြောက်တာတွေဖြစ်လာတယ်။ အင်ဂန်းကျေးရွာမှာ သန့်ရှင်းတဲ့ သောက်ရေရဖို့အတွက်တောင် ခက်ခဲလာတယ်။ ရေတွင်းရေတွေခမ်းခြောက်လာတယ်။ အရင်ကဆို မလိခမြစ်ကို ဘဲမှီခိုပြီး သောက်သုံးနေရတယ်။ အခုက သုံးလို့မရတော့ဘူး။ ကျေးရွာအနီးမှာရှိတဲ့ အင်းအိုင်တွေလည်း ခမ်းခြောက်လာတယ်။ အဲ့ကြောင့် ရေရှိဖို့ အရင်ကထက် ခက်ခဲလာတယ်” ဟု ပြောဆိုသည်။

ယနေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်နေ့တွင် ဒေသခံပြည်သူများက “ဧရာဝတီမြစ်ထာဝရစဉ်လွတ်လပ်စွာ စီးဆင်းရေး၊ မြစ်ချောင်းများတွင် စက်ယန္တယားဖြင့် ရွှေတူးဖော်မှုရပ်ဆိုင်းရေး၊ မြစ်ချောင်းအင်းအိုင်များလွတ်လပ်စွာရှင်သန်ရေး၊ မြစ်ကြောင်းတစ်လျှောက်အကြီးစားရေကာတာဆောက်လုပ်ခြင်း အလိုမရှိ၊ သန့်ရှင်းသောရေရှိရေး၊ မြစ်ချောင်းအင်းအိုင်ဖျက်စီးသူ အလိုမရှိ၊ မြစ်ချောင်းများကို ကာကွယ်ဖို့ ရေထိန်းတောကို ထိန်းကြစို” စသော ကြွေးကြော်သံများဖြင့် တောင်းဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...