ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA တပ်သားသစ်စုဆောင်းနေသည့်အတွက် ဒေသခံအချို့ထွက်ပြေးနေရ

ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့် MNDAA တပ်သားသစ်စုဆောင်းနေသည့်အတွက် ဒေသခံအချို့ထွက်ပြေးနေရ

ရှမ်းပြည်နယ်မြာက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်း ကိုးကန့် MNDAA တပ်မှ တပ်သားသစ်စုဆောင်း‌နေသည့်အတွက် ဒေသခံအချို့ထွက်ပြေးတိမ်း‌ရှောင်‌နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“တရုတ်အိမ်တွေမိသားစု ၂၀ကျော် ကိုးကန့်က စစ်သားခေါ်လို့ ဘယ်ဘက်ထွက်ပြေးသွားမှန်းတော့ မသိဘူး ကွတ်ခိုင် လွယ်ဆမ်ဆစ်အနောက်ဘက်က ရွာလေ”လို့ ဒေသခံတစ်ဦးကပြောသည်။

ယင်းနေရာများသည် KIA တပ်မဟာ ၄ ၏ ထိန်းချုပ်နေရာဖြစ်ပြီး ကိုးကန့် MNDAA,TNLA,မြောက်ပိုင်းညီနောင် အဖွဲ့၊ PDF နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်။

ဒါ့အပြင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသဘက်တွင်လည်း ကိုးကန့် MNDAA ဘက်မှ အိမ်ထောင်စုတစ်စုတွင် မိသားစုဝင်တစ်ဦး စစ်မူထမ်းမနေရ ဟူသည့်အတွက် အချို့မိသားစုများနေအိမ်ပြောင်းရွှေ့ နေထိုင်ကြရသည့်အထိ ဖြစ်လာကြောင်း ဒေသခံများကပြောသည်။

ယင်းစစ်မူမထမ်းမ‌နေရဟူသည့်အတွက် ငွေကြေးတတ်နိုင်သည့် မိသားစုများသည် လူအစားထိုး ထမ်းဆောင်ပေးရန် ငှားရမ်းကာကြသူများလည်း ရှိကြောင်း သိရသည်။

အလားတူ မူဆယ်ခရိုင်သာမက လားရှိုးမြို့နယ်၊ မိုင်းယော်ဒေသတွင်လည်း ကိုးကန့် MNDAA ဘက်က တပ်သားသစ်စုဆောင်းခြင်းများ ရှိနေသည့်အပြင် စစ်မူမထမ်းဘဲ ပြောင်းရွှေ့သွားကြသည့် နေအိမ်များအား ကိုးကန့် MNDAA ဘက်မှ နေအိမ်များချိတ်ပိတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း မိုင်းယော်ဒေသခံများကပြောသည်။

မိုင်းယော်ဒေသတွင် KIA,TNLA,MNDAA,AA မြောက်ပိုင်း မဟာမိတ် ညီနောင်တပ်ဖွဲ့ နဲ့ စစ်ကောင်စီ၊ စစ်ကောင်စီတပ်တို့ လှုပ်ရှားသွားလာသည့် နေရာဖြစ်သည်။

ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဝက်ကျော်ခန့်မှစကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ-တရုတ် ကုန်သွယ်ရာ ပြည်ထောင်စုလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်း နေရာအများစုတွင် ကိုးကန့် MNDAA တပ်မှ တပ်သားသစ်စုဆောင်းခြင်း မကြာခနဆိုသလို လုပ်ဆောင်နေကြောင်း ဒေသခံများမှ သိရသည်။

Most read this week

September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...
စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...