ဖားကန့်တွင် အမျိုးသားသုံးဦးကိုစစ်တပ်ကဖမ်းဆီး၊ သားအဖနှစ်ဦးပါဝင်

ဖားကန့်တွင် အမျိုးသားသုံးဦးကိုစစ်တပ်ကဖမ်းဆီး၊ သားအဖနှစ်ဦးပါဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်နေ အမျိုးသားသုံးဦး ဖမ်းခံလိုက်ရပြီးယင်းတွင် သားအဖနှစ်ဦးပါဝင် ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည၇ နာရီ ခန့်အချိန်တွင် အေးမြသာယာရပ်ကွက် ကျောက်ဝိုင်းအနီးတွင် လမ်းများ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီးနေအိမ်အတွင်းမှ အမျိုးသားသုံးဦးကို စစ်တပ်နှင့်ရဲများက ဖမ်းဆီးသွားကြောင်း အေးမြသာယာရပ်ကွက်နေအမျိူးသားတစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

''မနေ့ညတုန်းကတော့ ကျောက်ဝိုင်းဘက်ကို ဟိုဘက်လမ်းဒီဘက်လမ်းပိတ်ပြီးတော့ အိမ်ကိုဝင်စစ်ပြီးတော့ဖမ်းသွားတာ။အဲ့ဒီသုံး ယောက်ထဲမှာသားအဖနှစ်ယောက်ပါတယ် သူတို့သားအဖက အိမ်ရှင်ဟုတ်တယ် ကျန်တဲ့တစ်ယောက်က အဲ့ဒီသားအဖနှစ်ယောက်အိမ်မှာ အိမ်ငှားနေထိုင်တာ''ဟုလုံခြုံရေးအရအမည်မဖော်သည့် အေးမြသာယာ ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် ယင်းအမျိုးသားသုံးဦးမှာ ဦးအောင်ရွှေ၊ ကိုရန်နိုင်ကျော်နှင့် ကိုဇောင်းနိုင်ဦး(ခ)အရှည်ကြီးတို့ဖြစ်ပြီး ဦးအောင်ရွှေနှင့် ကိုရန်နိုင်ကျော်တို့မှာ သားအဖတော်စပ်ပြီး ယင်းအမျိုးသားသုံးဦးမှာ ကျောက်ဝိုင်းတွင် ကျောက်အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူများဖြစ် ကြောင်းသိရသည်။

ယင်းအမျိုးသားသုံးဦးဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်၍ နီးစပ်သူတစ်ဦးက ယခုကဲ့သို့ပြောသည်။

''အဖမ်းခံရတဲ့နောက်ပိုင်းကြားရတာက တော့ ဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့နော် သတင်းပြန်ထွက်ခဲ့တာကတော့ အဲ့ဒီသားအဖနှစ်ယောက်ဆီမှာ အိမ်ဌားနေခဲ့တဲ့လူက မန္တလေးမှာ လက်နက်နဲ့ဖမ်းဆီးရမိတယ်ပြောတယ် လွန်ခဲ့တဲ့ရက်က သူ့ကိုဖမ်းမိပြီးစစ်ဆေးတော့ ဖားကန့်မှာနေတာ အိမ်နံပတ်ကဘယ်လောက် ဘာညာပြောလိုက်တော့ဝင်ရှာပြီးဖမ်းခံရတာထင်ပါတယ်။ ''ဟု ဖမ်းခံရသည့်အမျိုးသားသုံးဦးနှင့်နီးစပ်သူကပြောသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၀ရက်နေ့ည ရဲနှင့်စစ်သားအင်အား ၁၀၀ ခန့်သည် ဖားကန့်မြို့ အေးမြသာယာကျောက်ဝိုင်းနှင့် အနီးဝန်းကျင်ရှိ နေအိမ်များကိုလည်းတစ်အိမ်ဝင် တစ်အိမ်ထွက်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းလည်းသိရသည်။

ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...
September 10, 2026
ကချင်ပြည်၊ ရွှေကူမြို့တွင် ကမ်းကပ်ထားသည့် စစ်အုပ်စုတပ်၏ ဒုတိယအကြိမ် ဧရာဝတီရေကြောင်း စစ်ကြောင်းမှ...
မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...