လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖမ်းမမိသဖြင့် အိမ်အလည်လာသူ ၂ ဦးကို ရိုက်နှက်ဖမ်းဆီး

လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖမ်းမမိသဖြင့် အိမ်အလည်လာသူ ၂ ဦးကို ရိုက်နှက်ဖမ်းဆီး

မြစ်ကြီးနား ပလန ရပ်ကွက် ၁ တွင် ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မွန်းလွဲပိုင်းက စစ်ရှောင်လူငယ် ၂ ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးရာတွင် ဖမ်းမမိသဖြင့် ထို လူငယ် ၂ ဦးနေထိုင်ခဲ့သည့်နေအိမ်တွင် ခေတ္တလာလည်သော ဧည့်သည် ၂ ဦးကို ဖမ်းဆီးရိုက်နက် ခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါနေအိမ်တွင် လူစိမ်း ရှိနေသည်ဟု သတင်းပေးသူရှိသောကြောင့် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ်နှင့် ရဲများမှ လာရောက်ဖမ်းဆီးခဲ့ရာ ထိုလူငယ် ၂ ဦးမှာ လွတ်မြောက်သွားခဲ့သည်။

သို့သော်လည်း ၎င်းနေအိမ်သို့ အလည်လာသူ အမှုတော်ဆောင် ဆရာတန်ဂွမ်း နှင့် ဇနီးဖြစ်သူ မအေးအေးစိုးတို့ ဇနီးမောင်နှံ ၂ ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက KNG ကို ယခုလိုပြောသည်။

“အခုလွတ်သွားတဲ့ လူငယ် ၂ ယောက်က PDF လည်း မဟုတ်ဘူး။ အရင် တစ်ပတ်လောက်က ရှမ်းပြည်ကနေ အဲ့ဒီ သူတို့ဆွေမျိုးအိမ်မှာ လာနေနေတဲ့ စစ်ရှောင်ကလေး ၂ ယောက်ဖြစ်တယ်။ အဲ့မှာ စစ်တပ်နဲ့ ရဲကို PDF ရှိတယ်ဆိုပြီး သတင်းပေးသူရှိတဲ့သူ ရှိလို့ထင်တယ် ဒီနေ့စစ်တပ်က သေနတ်တွေနဲ့ လာပစ်ခတ်ပြီး လာဖမ်းတဲ့ အဲ့ကလေး ၂ ယောက်က လွတ်သွားပြီ။ အဲ့မှာ ဘာမှမဆိုင်တဲ့ အိမ်ကိုအလည်လာတဲ့ ဆရာတို့လင်မယားကို ဖမ်းသွားတာ။ ဆရာကိုက မေးတာ မဖြေလို့ဆိုပြီးရိုက်နှက်တာ သွေးတွေထွက်ပြီး ကားနဲ့ဖမ်းသွားပြီ။” ဟု မျက်မြင်တွေ့ရှိသူတစ်ဦး KNG သတင်းဌာနကို ပြောသည်။

နေအိမ်သို့ ရုတ်တရက်ရောက်လာသော ရဲနှင့် စစ်သားများက ထိုစစ်ရှောင်လူငယ် ၂ ဦးကို PDF ဟုဆိုကာ သေနတ် ၁၀ ကြိမ် ထက်မနည်း လိုက်လံပစ်ခတ်ခဲ့သော်လည်း ဖမ်းမမိသောကြောင့် နီးစပ်ရာအိမ်များသို့ လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဆရာတန်ဂွမ်းသည် DCC အသင်းတော်မှ ခရစ်ယာန် အမှုတော်ဆောင် ဆရာတစ််််ပါး ဖြစ်ပြီး ဆွေမျိုးအိမ်သို့အလည်လာရာမှ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သော ရက်ပိုင်းကလည်း လူငယ် ၂ ဦးကိုအကြောင်းမရှိ ဖမ်းဆီးသွားခဲ့ရာ ယခုချိန်ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...