ဂိတ်များတွင် ဖုန်းစစ် ငွေတောင်း

ဂိတ်များတွင် ဖုန်းစစ် ငွေတောင်း
ရန်ကုန် ဧရာဝတီ နယ်စပ် ပန်တိုင်ဂိတ် မြင်ကွင်း (ပုံဟောင်း)
ရန်ကုန် ဧရာဝတီ နယ်စပ် ပန်တိုင်ဂိတ် မြင်ကွင်း (ပုံဟောင်း)

ညောင်တုန်းမြို့နယ်အတွင်းရှိ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့က လက်ကိုင်ဖုန်းများ စစ်ဆေးပြီး ငွေတောင်းခံမှုများ ရှိနေသည်ဟု ခရီးသွားများကပြောသည်။

ရန်ကုန်-ပုသိမ် ကားလမ်း ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်အတွင်းက ပန်တိုင်ဂိတ်နှင့် ဗိုလ်မြတ်ထွန်း တံတားဂိတ် တို့တွင် စစ်ကောင်စီ၏ တပ်ဖွဲ့က ဇန္န ဝါရီလ ၂၆ ရက်နေ့က စတင်ပြီး ဖုန်းများကို စစ်ဆေးခြင်း၊ ဖုန်းအင်တာနက် ချိတ်ဆက်ရာတွင် VPN အသုံးပြု သူ များတွေ့ရှိပါ ဒဏ်ရိုက်သည်ဟုဆိုကာ ငွေတောင်းယူခြင်းနှင် ဖုန်းများ သိမ်းယူခြင်းတို့ကို လုပ်ဆောင်နေခြင်း ဖြစ် သည်။

“VPN တွေ့လို့ ချက်ခြင်း ဒဏ်ငွေဆောင်ခိုင်းတယ်။ အမိန့်ထုတ်တာ မသိလို့ပါပြောလည်း မရဘူး။ မဆောင်နိုင်လို့ ဆိုပြီးတော့ ဖုန်းကို ယူထားလိုက်တယ်” ဟု ဗိုလ်မြတ်ထွန်း တံတားဂိတ် တွင် ဖုန်းအသိမ်းခံရသည့် ပန်းတနော် မြို့သား တစ်ဦးကပြောသည်။

ဒဏ်ငွေဆိုကာ ငွေ ၅၀၀၀၀ ကျပ်တောင်းခြင်း ဖြစ်ပြီး လူကိုဖမ်း၍ တရားစွဲမည်၊ ထောင်ချမည် ဆိုသည့် ခြိမ်း ခြောက် ပြောဆိုမှုများ ခံခဲ့ရသည့်အတွက် တစ်သိန်းခွဲကျော် ပေးဝယ်ရသည့် ၎င်း၏ဖုန်းကို ပေးခဲ့ရခြင်း ဖြစ် သည်ဟု  ထိုပန်းတနော်မြို့သား ကဆက်ပြောသည်။

“၂၀၂၂ ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်းကို ဇန္နဝါရီလ ၁၃ ရက်နေ့ကမှ သက်ဆိုင်ရာ ဌာနတွေကို ဖြန့်ဝေ နေဆဲ ဖြစ်ပြီး ဥပဒေက အတည် မပြုရသေးလို့ အသက်မဝင်သေးဘူး” ဟု တရား လွှတ်တော်ရှေ့နေ တစ်ဦး က ထောက်ပြ ပြောဆိုသည်။

ဇန္နဝါရီလ ၂၅ ရက်နေ့ ညက ဧရာဝတီတိုင်း အတွင်းရှိမြို့နယ်များတွင်  VPN မသုံးကြရန်၊ PSI စလောင်းများ အသုံး မပြုရန်နှင့် အသံတိတ်သပိတ်တွင် မပါဝင်ကြရန် မြို့နယ်စစ်ကောင်စီများက အသံချဲ့စက်ဖြင့်လိုက်လံ သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။

၁၉၇၄ နိုင်ကျဉ်းဟောင်း တစ်ဦးက “နိုင်ငံရေး စစ်ရေး စီးပွားရေး ရှုံးနိမ့်နေတဲ့ စစ်ကောင်စီက မတရား အမိန့် တွေထုတ်ပြီး ဗရမ်းဗတာတွေလုပ်ကြတယ် ရဲ နဲ့ စစ်တပ် အကျင့်ပျက်တွေက အကြောင်းအမျိုးမျိုးပြ ငွေညှစ် တာ နေရာအနှံ့ရှိနေတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ ဆိုက်ဘာ လုံခြုံရေး ဥပဒေ ၂၀၂၂ မူကြမ်း ပုဒ်မ ၉၀ တွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်မပြုဘဲ Virtual Private Network (VPN) သို့မဟုတ် အလားတူ နည်းပညာကို အသုံးပြု၍ ကွန်ရက်ထူထောင်ခြင်း၊ ကွန်ရက်ကို ဝင်ရောက် ချိတ်ဆက်ခြင်း အသုံးပြုခြင်း ပြုလုပ်ပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ် မှ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြပါရှိသည်။

ဖုန်းကွန်ရက်နှင့် အင်တာနက်လိပ်စာ ခြေရာခံခြင်းကို ဖျောက်ဖျက်နိုင်သည့် VPN ( Virtual Private Network) ဟု ခေါ်သည့် စနစ်ကို ခွင့်ပြုချက်မပါဘဲ အသုံးပြုပါက ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချခွင့်ရှိသည့် ဆိုင်ဘာ လုံခြုံ ရေးဥပဒေကို ပြဋ္ဌာန်းရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ထိုမူကြမ်းအပေါ် ဇန္နဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထား ပြီး သဘောထားမှတ်ချက် ပေးဖို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများကို စာပို့ထားသည်ဟု သိရသည်။

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...