Published
Monday, July 10, 2017
မြန်မာဘာသာ အစီအစဉ် (ဇူလိုင် ၀၉၊ ၂၀၁၇)
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နုတ်ထွက်ပေမယ့် ကချင်အမျိုးသား အစည်းအရုံး KNO ရှိနေအုံးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သော်လည်း UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံမှာ KNO ပါ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးအဖွဲ့တွေက နိုင်ငံရေး မူဘောင်တွေ ပြန်လည် ပြင်ဆင်သွားဖိုု့ ဆုံုးဖြတ်လိုုက်ကြပါတယ်။
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နေတဲ့ကာလမှာ တိုင်းရင်းသား မီဒီယာအခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားမီဒီယာအဖွဲ့အစည်းတွေက တိုင်းရင်းသား မီဒီယာမူဝါဒ (အကြမ်း) တစ်ခုရေးဆွဲသွားမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။






