မင်းတုန်းတွင် လျှပ်စစ်ရုံးနှင့် ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရ

မင်းတုန်းတွင် လျှပ်စစ်ရုံးနှင့် ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်း မင်းတုန်းမြို့  မြို့မရဲစခန်းနှင့် လျှပ်စစ်ရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံရသည်ဟု မြို့ခံများက ပြော သည်။

ဇန္နဝါရီလ ၂၆ ရက်နေ့၊ မွန်းလွှဲ ၃ နာရီအချိန်ခန့်တွင် ဆိုင်ကယ်တစီးဖြင့် လာရောက်ပြီး ဗုံးလာရောက် ပစ်ပေါက် သွားခြင်းဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။

”အင်္ကျီအမဲနဲ့ ဆိုင်ကယ်စီးဦးထုပ်နဲ့လို့ ရဲ CCTV မှာ ပေါ်တယ် ပြောတယ်။ ဖမ်းမမိပါဘူး။ ထိခိုက်ဒဏ်ရတာတော့ မသိရဘူး” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ လာရောက်ပစ်သွားသည့် ဗုံးသည် လက်လုပ်ဗုံးလား လက်ပစ်ဗုံးလား ဆိုသည်ကို မသိရသေးပါ။

သို့သော် ဇန္နဝါရီလ ၂၆ ရက်နေ့ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည်ပြင်းထန်သည်ဟု ရဲစခန်းနှင့်နီးစပ်သူ က ဆို သည်။

မင်းတုန်းမြို့ရှိ စစ်ကောင်စီတပ်အင်အား အကုန်နီးပါးသည် PDF များရှိသည်ဟု သတင်းကြားထားသည့် နေရာ အချို့ကို သွားရောက်၍ နယ်မြေရှင်းလင်းနေချိန်တွင် ယခုကဲ့သို့ ဗုံးဖြင့် ပစ်ပေါက်တိုက်ခံရခြင်း ဖြစ်သည် ဟု သိရ သည်။

မင်းတုန်းမြို့မ ရဲစခန်းတိုက်ခိုက်မူသည် ၎င်းတို့၏ လုပ်ဆောင်မှုဖြစ်ကြောင်း နောင်နောင် ပြည်သူများကို ဖိနှိပ် ညှင်းပန်းခြင်း၊ မီတာခများ အတင်းအကြပ်ကောက်ခံခြင်းများ ပြုလုပ်ပါ ဆက်လက်တိုက်ခိုက်သွားမည်ဟု MPRF (MINDON People Revolution Force ) ထုတ်ပြန်ကြေငြာထားသည်။

”ကြို့ပင်တိမ်းရှောင်စခန်းကမိတဲ့ PDF တွေရဲ့ ထွက်ဆိုချက်အရ မင်းတုန်းသရက် ကံမ ၃ ပွင့်ဆိုင် နေရာမှာ ဒီနေ့ စစ်ကြောင်းထိုးတယ်ကြားတယ် ဘာမှတော့ မတွေ့ခဲ့ဘူးကြားတယ်” ဟု စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

မင်းတုန်းမြို့ပေါ် ရပ်ကွက်များတွင် ယခုကဲ့သို့ ဗုံးပစ်ပေါက်ခံရခြင်း၊ ဗုံးကွဲခြင်းမျိုးမဖြစ်ဘူးဘဲ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး မင်းတုန်း PDF များ၏ အစပျိုးတိုက်ပွဲဖော်ဆောင်မှုတစ်ခု ဖြစ်နိုင်သည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၁၁ ရက်နေ့က မင်းတုန်းမြို့နယ် ယောသမ္ဘူလကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုသည်  ကံမ သရက် PDF အဖွဲ့က ဖြစ်ပြီး ယခုမင်းတုန်းမြို့ရှိ ရဲစခန်းနှင့်လျှပ်စစ်ရုံးကိုတိုက်ခိုက်မှုသည် မင်းတုန်း PDF အဖွဲ့က ဖြစ်သည်ဟု PDF များက ထုတ်ပြန်ထားသည်။

ယောသမ္လူလကျေးရွာအနီးမှာ ကံမ သရက် PDF အဖွဲ့များ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ၈ ဦးခန့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...